တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို နိုင်-၄ မှတ်တမ်းများအား နည်းပညာအသုံးပြု၍ အချက်အလက်ရေးသွင်း နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို နိုင်-၄ မှတ်တမ်းများအား နည်းပညာအသုံးပြု၍ အချက်အလက်ရေးသွင်း နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်








MNP ၊  ဧပြီ ၄

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှအသုံးပြုနေသော နိုင်-၄ မှတ်တမ်းများအားနည်းပညာအသုံးပြု၍ အချက်အလက်ရေးသွင်းနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှအသုံးပြု နေသော နိုင်-၄ မှတ်တမ်းလုပ်ငန်းပမာဏသည်များပြားပြီးသတ်မှတ်ရက်အတွင်းပြီးစီးရမည် ဖြစ်၍အစည်းအဝေးခေါ်ယူတွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မကြာခင်ကာလအတွင်းကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲနှင့်ပတ်သက်၍မှန်ကန်မျှတစွာဖြင့် လွတ်လပ်သောရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်မဲစာရင်းမှန်ကန်ရေးသည် အဓိကအရေးကြီးကြောင်း၊ မဲစာရင်းဖောင်းပွမှု၊ မပြည်စုံမှု၊ မဲစာရင်းတွင်မပါရှိမှူမဖြစ်ရအောင်နှင့်မဲစာရင်းဆုံးရှုံးမှုမဖြစ်ရ အောင် မဲစာရင်းအားသေချာစွာကောက်ယူနိုင်ရေးအဓိကထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မဲစာရင်းကောက်ယူမှုသည် လွန်ခဲ့သော လများကတည်းက ဆောင်ရွက်နေရသောကြောင့် အချိန်အနည်းငယ်ကြာမြင့်နေပြီးဖြစ်ကြောင်း၊ မဲစာရင်းများ ပြုစုသည့် နေရာတွင်နေရာ(၃)နေရာ၌လူဦးရေစာရင်းများပါရှိနိုင်သည့်အတွက် မဲစာရင်းများစိစစ်နိုင်အောင် စာရင်းဇယားပြုလုပ်ရခြင်းဖြစ်ကြောင်း၊စာရင်းဇယားများကိုအချိန်တိုအတွင်းပြီးမြောက်အောင်ပြုလုပ်ရ မှာဖြစ်သော ကြောင့် ဌာနဆိုင်ရာများအနေဖြင့် စုပေါင်း၍ ဝိုင်းဝန်းလုပ်ကိုင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ နိုင်-၄ သည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၏ တာဝန်ဖြစ်သော်လည်း အချိန်တိုအတွင်းဌာနတစ်ခုတည်း ဆောင်ရွက်၍မပြီးစီးနိုင်သောကြောင့်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်ဝိုင်းဝန်းပြီးလုပ်ကိုင်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်လုပ်ငန်းအောင်မြင်ရေး အတွက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်းပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးယဉ်ထွေး က နိုင်-၄ မှတ်တမ်းများအားနည်းပညာအသုံးပြု၍ အချက်အလက်အသုံးပြုနိုင်ရေးအတွက်သက်ဆိုင်ရာခရိုင်များတွင်သင်တန်းများပို့ချပေးသွားမှာဖြစ်ကြောင်း နှင့်ဆောင် ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းတင်ပြပြီးအတွင်းရေးမှူးဦးခင်မောင်ချိုက လူဦးရေစာရင်းရေသွင်းမှုနှင့်ပတ်သက် ၍ဖြည့်စွက်ဆွေးနွေးတင်ပြရာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်း ရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)