မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်ထောင်စု၊ ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေး နှစ်၊ (၆)လအတွင်း ဆောင်ရွက်သည့် လုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်ထောင်စု၊ ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေး နှစ်၊ (၆)လအတွင်း ဆောင်ရွက်သည့် လုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးတက်ရောက်




MNP - ဧပြီ    ၅

မွန်ပြည်နယ်အတွင်း ပြည်ထောင်စု ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လအတွင်း ဆောင်ရွက်သည့်  လုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။ 

အစည်းအဝေးတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ပြည်နယ်အတွင်း ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီစနစ်တကျ လုပ်ကိုင်ဆောင်ရွက်ရန်၊ နိုင်ငံတော် ဘဏ္ဍာငွေများ သုံးစွဲရာတွင် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသည့်လုပ်ငန်းများ၊ ဒေသန္တရဖွံ့ဖြိုး တိုးတက်ရေးအတွက် အကျိုးပြုသည့်လုပ်ငန်းများ ဆောင်ရွက်ရန် ပြောကြားသည်။  

ဆက်လက်၍ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်းက အစိုးရ၏ ဝယ်ယူခြင်း၊ နိုင်ငံပိုင်ပစ္စည်းများ ထုခွဲခြင်းနှင့် ငှားရမ်းခြင်းတွင် လိုက်နာရမည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၂)ကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည်  ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ (၆)လအတွင်း ဆောင်ရွက်သည့်  လုပ်ငန်းများနှင့် ပြီးစီးမှု အခြေအနေများကို တင်ပြဆွေးနွေးကြရာ၊ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။ 

သတင်း - ခင်စန်းမြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)