ရှမ်းရွာသစ်မြို့တွင် သောက်သုံးရေ အခက်အခဲရှိသော ဒေသနေပြည်သူများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ရေကုသိုလ်လှူဒါန်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းရွာသစ်မြို့တွင် သောက်သုံးရေ အခက်အခဲရှိသော ဒေသနေပြည်သူများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ရေကုသိုလ်လှူဒါန်းပေး



MNP - ဧပြီ   ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မီးသတ်ဦးစီးဌာနမှ သောက်ရေနှင့်သုံးရေအခက်အခဲ ကြုံတွေ့နေရသည့် ဒေသနေပြည်သူများအား ရေကုသိုလ်များ လိုက်လံလှူဒါန်းပေးလျက်ရှိရာ ယနေ့နံနက် (၇) နာရီအချိန်က သောက်ရေနှင့် သုံးရေအခက်အခဲကြုံတွေ့နေသည့် ရှမ်းရွာသစ်မြို့ သန္တိသုခ ဘုန်းတော်ကြီးကျောင်းသို့ မီးသတ်ယာဉ်ဖြင့် ရေများကို အခမဲ့ ကုသိုလ်လှူဒါန်းပေးလျက် ရှိကြောင်း သိရသည်။

မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များမှ ပူပြင်းသည့် နွေရာသီကာလအတွင်း သောက်ရေနှင့် သုံးရေအခက်အခဲရှိသည့်  ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေကြသော ဆရာတော်၊ သံဃာတော်များ အသုံးပြုနိုင်စေရန်အတွက် ရေစည်များအတွင် ရေဖြည့်ပေးခြင်း ကုသိုလ်အလှူကို အခမဲ့လှူဒါန်းပေးခြင်း၊ ဘုရားစေတီများအား ရေသပ္ပာယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။

မြို့မီးသတ်ဦးစီးဌာနအနေဖြင့် ပူပြင်းသည့် နွေရာသီကာလအတွင်း ဒေသနေပြည်သူများ မီးသတိရှိစေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရပ်ကွက်များအတွင်း လှည့်လည်၍ မီးဘေးအန္တရာယ် အသိပညာပေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ဇင်လေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)