မိုင်းရယ်မြို့ အဝင်/ထွက် ဂိတ်များတွင် ခရီးသွားယာဉ်များအား နိုင်ငံသားစိစစ်ရေးကတ်နှင့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်များကိုင်ဆောင်ခြင်း ရှိ၊မရှိ စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရယ်မြို့ အဝင်/ထွက် ဂိတ်များတွင် ခရီးသွားယာဉ်များအား နိုင်ငံသားစိစစ်ရေးကတ်နှင့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်များကိုင်ဆောင်ခြင်း ရှိ၊မရှိ စစ်ဆေး




MNP - ဧပြီ   ၂၂

မိုင်းရယ်မြို့သို့ ဖြတ်သန်းသွားလာလျက်ရှိသည့် ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း လက်မှတ်များ ကိုင်ဆောင်သွားလာခြင်း ရှိ၊ မရှိကို ယနေ့နံနက် ၉ နာရီမှစ၍ မြို့အဝင်၊ ထွက်ဂိတ်များတွင် စစ်ဆေးသည်။

မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လဝက၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့သည် လားရှိုး၊ တန့်ယန်းမှ မိုင်းရယ်သို့ဝင်သည့် မြို့အဝင်ဂိတ်တွင်လည်းကောင်း၊ မိုင်းရယ်အထွက် ကျေးသီးသွားဂိတ်တွင်လည်းကောင်း၊ မိုင်းရယ်အထွက် သီပေါသွားဂိတ်တွင်လည်းကောင်း ခရီးသွားပြည်သူများအား ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)