ဝါးခယ်မမြို့နယ်အတွင်း လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုဝင်များအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့များက ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါးခယ်မမြို့နယ်အတွင်း လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုဝင်များအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့များက ထောက်ပံ့ပစ္စည်းများပေးအပ်







MNP - ဧပြီ   ၅

ဧရာဝတီတိုင်းဒေသကြီး၊‌ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပိတ္တာလေးကျေးရွာအုပ်စု၊ စော်ကဲကျေးရွာအုပ်စု၊ ရေလယ်ကျွန်း ကျေးရွာအုပ်စုနှင့် စံအိပ်ကျေးရွာအုပ်စုတို့မှ လေဘေးသင့်ခဲ့သော အိမ်ထောင်စုများအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ယမန့်နေ့ မွန်းလွဲ ၃ နာရီက ကျေးရွာအရောက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကျေးရွာများတွင် ဧပြီလ ၃ ရက်တွင်နေ့က လေပြင်းတိုက်ခတ်မှုကြောင့်တွင် ဘုန်းတော်ကြီး ကျောင်း(၁)ကျောင်းနှင့် လူနေအိမ်(၉)လုံးအမိုးလန်ပြီး (၁၂)လုံးပြိုကျ ပျက်စီးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့က ပိတ္တာလေးကျေးရွာရှိ ဓမ္မဒါန ဘုန်းတော်ကြီးကျောင်းတွင် ဆရာတော် ဘဒ္ဒန္တ ဇေယျာနန္ဒအား ဖူးမြှော်ကြည်ညို၍ ဆရာတော်ထံမှ ဩဝါဒခံယူခဲ့ကြောင်း၊ ၎င်းနောက် လေဘေးသင့် အမိုးလန်ခဲ့သည့် ကျောင်းဆောင်နှင့်ပတ်သက်၍ ဆောင်ရွက်ရန်လိုအပ်ချက်များကို လျှောက်ထားပြီး သင်္ကန်း၊ ဆန်(၁) တင်းခွဲ (၃)အိတ်၊ လေဘေးသင့်ကျောင်းဆောင်အား ပြန်လည်ပြင်ဆင်နိုင်ရန် (၇)ပေ သွပ်(၅၀)ချပ်နှင့် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လှူဒါန်း/ထောက်ပံ့သော အဆောက်အဦးပစ္စည်း ရန်ပုံငွေကျပ် (၉)သောင်းတို့အားလှူဒါန်းပြီးခဲ့ကြောင်း၊ ဆက်လက်ပြီး ရေလယ်ကျွန်းကျေးရွာအုပ်စုတွင် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကြက်ခြေနီအသင်းတို့မှ လှူဒါန်းထောက်ပံ့သော နေအိမ်ပြိုပျက်ခဲ့သည့် ဦးစိုးကြည်၊ ဦးကျော်ခိုင်ဦးတို့ မိသားစုဝင်(၆)ဦးအတွက် အိမ်ဆောက်ပစ္စည်းရန် ပုံငွေကျပ်(၂)သိန်း၊ ဆန်ရိက္ခာရန်ပုံငွေ(၁၂၆၀၀)ကျပ်နှင့် အဝတ်အထည်/ အသုံးအဆောင်ပစ္စည်းများ၊ မိသားစု အသုံးအဆောင်ပစ္စည်း(၂)ပုံး၊ အိမ်ဆောက်ပစ္စည်း(၂)ပုံး၊ အမျိုးသမီးအသုံးအဆောင်ပစ္စည်း(၂)ပုံး၊ ဆေးဝါးပစ္စည်း (၂)ထုတ်၊ နေအိမ်အမိုးလန်သည့် ဦးဇော်မင်း၊ ဦးမြင့်ဦး၊ ဦးဝင်းနိုင်၊ ဦးထိန်လင်း၊ ဦးသန်းဝင်းနှင့် ဦးတင်ဝင်းတို့ မိသားစုဝင်(၂၉)ဦးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၃၃၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာငွေ(၆၀,၉၀၀)ကျပ်၊ စုစုပေါင်းငွေ(၆၀၃,၅၀၀)ကျပ်၊ အမျိုးသမီးအသုံးအဆောင်  ပစ္စည်း(၆)ပုံး၊ ဆေးဝါးပစ္စည်း(၆)ထုတ်၊ တာပေါ်လင် (၆)ချပ်ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက်စံအိပ်ကျေးရွာအုပ်စုမှ နေအိမ်ပြိုပျက်ခဲ့သည့် ဦးသန်းနိုင်၊ ဦးဝင်းဇော်၊ ဦးမင်းနိုင်၊ ဦးမင်းအောင်၊ ဦးကျော်သူ၊ ဦးအငယ်လေး၊ ဦးကျော်ဇင်၊ ဦးစန်းဝင်းနှင့် ဦးခင်ဇော်တို့ မိသားစုဝင်(၄၃)ဦးအတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေကျပ်(၉)သိန်း၊ ဆန်ရိက္ခာရန်ပုံငွေ(၉၀,၃၀၀) ကျပ်နှင့် အဝတ်အထည်/အသုံးအဆောင် ပစ္စည်းများ၊ မိသားစုအသုံးအဆောင် ပစ္စည်း(၉)ပုံး၊ ဆေးဝါး ပစ္စည်း(၉)ပုံး၊ အိမ်ဆောက်ပစ္စည်း (၉)ပုံး၊ အမျိုးသမီး အသုံးအဆောင်ပစ္စည်း(၉)ပုံး၊ နေအိမ်အမိုး လန်ခဲ့သည့် ဒေါ်ဝေမာ၊ ဦးစိုးမြိုင်နှင့် ဦးမောင်ကျော်တို့ မိသားစုဝင်(၁၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၂၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာရန်ပုံငွေ(၂၅,၂၀၀)ကျပ်၊ စုစုပေါင်းငွေ (၁,၁၃၅,၅၀၀)ကျပ်၊ အမျိုးသမီး အသုံးအဆောင်ပစ္စည်း(၃)ပုံး၊ ဆေးဝါးပစ္စည်း(၃)ထုတ်၊ တာပေါ်လင်(၃)ချပ်နှင့် စော်ကဲကျေးရွာအုပ်စုမှ နေအိမ်ပြိုပျက်ခဲ့သည့် ဦးချစ်သဲ၏ မိသားစုဝင် (၃)ဦးအတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေကျပ်(၁)သိန်းကျပ်၊ ဆန်ရိက္ခာရန်ပုံငွေ(၆,၃၀၀)ကျပ်၊ စုစုပေါင်း(၁၀၆,၃၀၀)ကျပ်နှင့် အဝတ်အထည်/ အသုံးအဆောင်ပစ္စည်းများ၊ မိသားစုအသုံးအဆောင် ပစ္စည်း(၁)ပုံး၊ ဆေးဝါးပစ္စည်း(၁)ပုံး၊ အိမ်ဆောက်ပစ္စည်း(၁)ပုံး၊ အမျိုးသမီးအသုံးအဆောင်ပစ္စည်း (၁)ပုံးတို့ပေးအပ်ထောက်ပံ့၍ အားပေးစကားများ ပြောကြားခဲ့ကြောင်းသိရသည်။

သတင်း - ဟိန်းထက်လင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)