မြောက်ဦးမြို၌ သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ် ဘုရားများ၏ (၉၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို၌ သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ် ဘုရားများ၏ (၉၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်



MNP - ဧပြီ    ၂၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင်းရှိ ရခိုင့်ရှေ့ဟောင်းသမိုင်းဝင် ယဉ်ကျေးမှု နယ်မြေအတွင်းရှိ အထင်ကရစေတီ၊ ပုထိုးများဖြစ်သော သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ် ဘုရားများ၏ (၉၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို မေလ ၁၃ ရက်နေ့မှ စတင်၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်တွင် ရခိုင့်ရိုးရာ ထုံတမ်းအစဉ်အလာဖြစ်သော ပဌန်းရွက်ဖတ် ပူဇော်ပွဲ၊ ကဆုန်ညောင်ရေ သွန်းလောင်းပွဲ၊ ရခိုင့်ရိုးရာ ကျင်ပွဲ၊ ရခိုင့်ရိုးရာ ပြိုင်လောင်းပွဲ (လှေလှော်ပြိုင်ပွဲ) စသည်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်လောင်းပွဲ (လှေလှော်ပြိုင်ပွဲ) ၌  ၁၂ လံ ရှည်လှေပြိုင်ပွဲတွင် ပထမဆု ၂၅ သိန်း၊ ဒုတိယဆု ၂၃ သိန်း၊ ၈ လံရှည် လှေပြိုင်ပွဲတွင် ပထမဆု ၂၂ သိန်း၊ ဒုတိယဆု ၂၀ သိန်း ၊ ၆လံ ရှည် လှေပြိုင်ပွဲတွင် ပထမဆု ၂၀ သိန်း၊ ဒုတိယဆု ၁၈ သိန်း အသီးသီး ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ရခိုင့်ရိုးရာ ကျင်ပွဲတွင်လည်း အကြီးတန်းကျင်ပြိုင်ပွဲတွင် ပထမဆု ၁၄ သိန်း၊ ဒုတိ ယ ဆု ၁၀ သိန်း၊ တတိယဆု ၆ သိန်း၊ စတုတ္ထဆု ၄ သိန်း၊ အလတ်တန်း ကျင်ပြိုင်ပွဲတွင် ပထမ ဆု ၁၀ သိန်း၊ ဒုတိယဆု ၈ သိန်း၊ တတိယဆု ၅ သိန်း၊ စတုတ္ထဆု ၃ သိန်းနှင့်  အငယ်တန်း ကျင်ပြိုင်ပွဲတွင် ပထမဆု ၈ သိန်း၊ ဒုတိယဆု ၆သိန်း၊ တတိယဆု ၄ သိန်း၊စတုတ္ထဆု ၃ သိန်း တို့ကို ဆုချီးမြှင့်ပေးသွားမည် ဖြစ်ပြီး  (၉၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို  မေလ ၁၃ ရက်နေ့မှ မေလ ၁၆ ရက်နေ့အထိ ၃ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - မြင့်စိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)