သထုံခရိုင်အတွင်း မီးသတ်ဦးစီးဌာနမှ အပတ်စဉ် ရေလှူဒါန်းမှုများ စဉ်ဆက်မပြတ်ပြုလုပ်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံခရိုင်အတွင်း မီးသတ်ဦးစီးဌာနမှ အပတ်စဉ် ရေလှူဒါန်းမှုများ စဉ်ဆက်မပြတ်ပြုလုပ်နေ



MNP - ဧပြီ   ၂၃

မွန်ပြည်နယ်မီးသတ်ဦးစီးဌာန၏ စီမံဦးဆောင်မှုဖြင့် သထုံခရိုင်အတွင်း မီးသတ်ဦးစီးဌာနမှ အပတ်စဉ်နွေရာသီ သောက်သုံးရေပေးဝေမှု ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက်က သထုံ၊ ကျိုက်ထို၊ ဘီးလင်းနှင့် ပေါင်မြို့နယ်တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ အောင်ကန်သာ(၃)လမ်း၌ ရေဂါလန်ပေါင်း (၁၆၀၀)၊ ကျိုက်ထိုမြို့၊ တောင်သူသူစုရပ်ကွက်၌ ရေဂါလံပေါင်း(၁၆၀၀)၊ ဘီးလင်းမြို့နယ်၊ ရှမ်းကျောင်းကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ ရေဂါလန်ပေါင်း (၁၂၀၀)နှင့် ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာ၊ မွန်စုပိုင်းတွင် ရေဂါလန်ပေါင်း(၁၆၀၀)တို့ကို မီးသတ်တပ်ဖွဲ့ ရေသယ်ယာဉ်များဖြင့် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

သထုံခရိုင်အတွင်း ပြီးခဲ့သည့် မတ်လဆန်းပိုင်းမှစတင်ကာ ရပ်ကွက်နှင့်ကျေးရွာ အချို့တို့ သောက်သုံးရေပြတ်လပ်မှုဖြစ်ပေါ်ခဲ့ရာ မြို့နယ်အလိုက်မီးသတ်ဦးစီးဌာနမှ ရေသယ်ယာဉ် များဖြင့် အများသုံးရေကန်များအတွင်း လိုက်လံဖြည့်ဆည်းပေးခြင်း၊ ဘုန်းတော်ကြီး ကျောင်းများ၊ လူနေအိမ်များသို့ သွားရောက်ကာ ရေဖြန့်ဖြူးပေးခြင်းစသည့်  ပြည်သူ့အကျိုးပြု သောက်သုံးရေ လှူဒါန်းပေးဝေမှု လုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ လိုက်လံဆောင်ရွက် ပေးနေလျှက်ရှိပြီး ထိုသို့လှူဒါန်းပေးခြင်းကို အပတ်စဉ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ကိုကိုဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)