ပေါင်းတည်မြို့၌ ၂၀၂၂ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းတည်မြို့၌ ၂၀၂၂ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

 


MNP -  ဧပြီ   ၆

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လူငယ်များအနေဖြင့် အခြေခံအားကစားနည်း စနစ်များအား သိရှိတတ်မြောက်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေး တိုးတက်ကောင်းမွန်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သော ပေါင်းတည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၂ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်း ဆင်းပွဲကို ယမန်နေ့ညနေ၃ နာရီခွဲက မြို့နယ်ဘောလုံးအားကစားကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းကသင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းတွင် ထူးချွန်သည့် သင်တန်းသားများအား ဆုချီးမြှင့်ပြီး သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။

အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ မြန်မာ့သိုင်းနှင့် အေရိုးဗစ်စသည့် အားကစားနည်းများ၏ အခြေခံနည်းစနစ်များကို သင်ကြား ပေးခဲ့ပြီး သင်တန်းကာလရက်သတ္တ(၂)ပတ်ကြာမြင့်ကာ သင်တန်းသား၊ သင်တန်းသူ(၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - အေးအေးဆင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)