ကသာပညာရေး ဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း (၁/၂၀၂၂) သင်တန်းသား/သူများအား ကြိုဆိုပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကသာပညာရေး ဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း (၁/၂၀၂၂) သင်တန်းသား/သူများအား ကြိုဆိုပွဲကျင်းပ




MNP - ဧပြီ    ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာပညာရေး ဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း (၁/၂၀၂၂) သင်တန်းသား/သူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် ကသာခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က တက်ရောက် အမှာစကား ပြောကြားရာ ယခင်က ပညာရေးဘွဲ့ စာပေးစာယူသင်တန်းကို အထက်မြန်မာပြည်မှ ဆရာ၊ ဆရာမများက စစ်ကိုင်း ပညာရေးတက္ကသိုလ်မှာ တက်ရောက်ရပြီး ယခုအချိန်တွင် ပညာရေးဒီဂရီကောလိပ်အသီးသီးမှာ ဖွင့်လှစ်လိုက်သည့် အတွက် ဒေသအသီးသီးတွင်ရှိသော ဆရာ၊ ဆရာမများက အဆင်ပြေစွာ တက်ရောက်နိုင်ပြီ ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် အဆင့်မြင့်ပညာရပ်များကို လေ့လာသင်ယူကြရင်း မိမိတို့၏ပင်မ လုပ်ငန်းဖြစ်သော သင်ကြားရေး လုပ်ငန်းများအပြင် ဒေသခံပြည်သူများ၏ လူမှုဘဝတိုးတက်ရေးကိုပါ တတ်အားသရွေ့ ပူးပေါင်းဆောင်ရွက်ပေးကြရန် အရေးကြီးကြောင်း စသည်တို့ မှာကြားခဲ့သည်။

ဆက်လက်၍ ကသာပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းစိုးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး သင်တန်းသား/သူတို့မှ “လွမ်းနေဆဲပါ မြကျွန်းညို”နှင့် “မင်္ဂလာပါ BED” သီချင်းတို့ဖြင့် ကပြ ဖျော်ဖြေခဲ့ကြောင်း၊ အဆိုပါသင်တန်းတွင် သင်တန်းသား (၁၃)ဦးနှင့် သင်တန်းသူ(၁၁၃)ဦး၊ စုစုပေါင်း(၁၂၆)ဦး တက်ရောက်ကြပြီး ယင်းသင်တန်းကို ဧပြီလ(၂၀)ရက်နေ့မှ မေလ(၂၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြား သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)