ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ဒိုက်ဦးမြို့နယ်၌ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ဒိုက်ဦးမြို့နယ်၌ကျင်းပ


MNP - ဧပြီ    ၂၇

ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်အမှတ် ၆ မင်းတဲရပ်ကွက်၊ ဆွမ်းလောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒိုက်ဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နော်ဝင်းမေနှင့် ဝန်ထမ်းများက ငါးသံယံဇာတထိန်းသိမ်းရေး၊ ဘတ္ထရီရှော့တိုက် ငါးမဖမ်းဆီးရေး၊ ငါးရစ်ငါးသန်ကာကွယ်တားဆီးရေး၊ ငါးသယံဇာတတိုးပွားရေး၊ ငါးလုပ်ငန်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းပြောကြားခြင်း၊ သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သောငါးမျိုးများဖြစ်သည့် အာဖရိကငါးခူ၊ ပြည်ပငါးရံ့၊ ပြည်ပ မျိုးစိတ်အလှမွေးငါး၊ ပီးကော့နှင့်စုတ်ခွက်ငါးများ မွေးမြူခြင်းမပြုရန်၊ တားမြစ်ထားသော ငါးများအား ဖမ်းဆီးခြင်းမပြုရန် ရှင်းလင်းပြောကြားခဲ့ကြောင်းသတင်းရရှိသည်။

ဟောပြောပွဲသို့ ရပ်ကွက်အတွင်းရှိ ပြည်သူများ၊ ငါးမွေးလုပ်ငန်းလုပ်ကိုင်သူ စိတ်ဝင်စားသူများ တက်ရောက်ကြသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)