မော်လိုက်မြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ယစ်မျိုးလိုင်စင် ကတ်ပြားများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လိုက်မြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ယစ်မျိုးလိုင်စင် ကတ်ပြားများ ပေးအပ်


MNP - ဧပြီ   ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်စဉ်ယစ်မျိုး အစီအစဉ်ပါ မော်လိုက်ခရိုင်အတွင်း အတည်ပြုချထားပေးသည့် ယစ်မျိုးလိုင်စင် ကတ်ပြားများ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး (ကော်လိ တ္တော်အရာရှိ) ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် “၂၀၂၂ ခုနှစ် ဧပြီလ (၁)ရက်နေ့မှ ၂၀၂၃ ခုနှစ် မတ်လ(၃၁)ရက်နေ့ထိ (၁)နှစ်တာကာလအတွင်း  မော်လိုက် မြို့နယ်တွင် ပုံသေလိုင်စင် (၄၅)ဆိုင်၊ လေလံလိုင်စင်(၁)ဆိုင် စုစုပေါင်း(၄၆)ဆိုင်၊ ဖောင်းပြင် မြို့နယ်တွင် ပုံသေလိုင်စင်(၂၉)ဆိုင်၊ လေလံလိုင်စင်(၁)ဆိုင် စုစုပေါင်း(၃၀)ဆိုင်၊ မော်လိုက်ခရိုင် အနေဖြင့် ပုံသေလိုင်စင်(၇၄)ဆိုင်၊ လေလံလိုင်စင်(၂)ဆိုင် စုစုပေါင်း (၇၆)ဆိုင် အတည်ပြုချထား ပေးခဲ့သဖြင့် ယနေ့တွင် ပုံသေလိုင်စင်(၇၄)ဆိုင်အတွက် ယစ်မျိုးလိုင်စင်အလိုက် လုပ်ငန်းလိုင်စင် ကတ်ပြားများကို လိုင်စင်စီများ လက်ဝယ်သို့ ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(၆)လမှာလည်း လိုင်စင်စီများမှ ယစ်မျိုးအခွန်ငွေများ အပြေအကျေ ပေးသွင်းခဲ့ပြီး နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်ငွေဆုံးရှုံးမှု မရှိခဲ့တာကြောင့် အခွန်ကောက်၊ အရာထမ်း၊ အမှုထမ်းများနှင့် လိုင်စင်စီများကို ကျေးဇူးတင်ဂုဏ်ပြုအပ်ပါကြောင်း၊ ယခုလို ယစ်မျိုးအခွန်ငွေများအား အပြေအကျေ ပေးသွင်းပေးသည့်အတွက် နှစ်စဉ်ခရိုင်အတွင်းရှိ ယစ်မျိုးလိုင်စင် အရေအတွက်များအတိုင်း ခွင့်ပြုပေးခဲ့ပါကြောင်း၊ ခွင့်ပြုချက်ရရှိထားသည့် ယစ်မျိုးလိုင်စင်စီများအနေဖြင့် ယစ်မျိုးဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည်ထားရန် လိုအပ်သလို လိုင်စင်စည်းကမ်းများကိုလည်း တိတိကျကျနားလည်လိုက်နာ ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း၊ ဒါ့အပြင် တရားမဝင် အရက်ရောင်းချမှု၊ သိုလှောင်မှု၊ သယ်ယူ ဖြန့်ဖြူးမှုများ ကိုလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက် သွားမှာဖြစ်ပြီး၊ မြို့နယ် Task Force အဖွဲ့မှလည်း လစဉ်ကွင်းဆင်း စစ်ဆေးခြင်းများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယစ်မျိုးလုပ်ငန်းများ တည်နေရာ၊ အမျိုးအစား ပြောင်းလဲ လျှောက်ထားလိုပါက ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားလျှောက် ထားကြရန်နှင့် လိုင်စင်စီများအနေဖြင့် လိုင်စင်အလိုက်  ကျသင့်သည့် အခွန်နှုန်းထားများ ကို  အခွန်ပြေ ကျေစေရေးကိုလည်း အလေးထားဆောင်ရွက်ပေးကြရန်” ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး (လက်ထောက် ကော်လိတ္တော်အရာရှိ) ဦးဝဏ္ဏထွန်းက ယစ်မျိုးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး (ကော်လိတ္တော်အရာရှိ)နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး (လက်ထောက်ကော်လိတ္တော်အရာရှိ)တို့က မော်လိုက်မြို့နယ်နှင့် ဖောင်းပြင်မြို့နယ်အတွင်းရှိ ယစ်မျိုးလိုင်စင်စီများလက်ဝယ်သို့ ယစ်မျိုးကတ်ပြားများ အား အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

မော်လိုက်မြို့နယ်၌ မြို့နယ်အတွင်း အရက်သေစာသောက်ခြင်း အလေ့အထပြန့်ပွားခြင်း မရှိစေရေး၊ ယစ်မျိုးရောင်းချရာတွင် တရားမဝင် ထုတ်လုပ်ရောင်းချမှု မရှိစေရေး၊ ယစ်မျိုးအပေါ် ဖြစ်နိုင်သမျှ အခွန်တိုးမြှင့် ကောက်နိုင်ရေး စသည့် ယစ်မျိုးမူဝါနှင့်အညီ ဆောင်ရွက် လျက်ရှိကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

သတင်း - မော်လိုက်သားလေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)