ဇလွန်မြို့နယ်တွင်နွေစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇလွန်မြို့နယ်တွင်နွေစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပ




MNP - ဧပြီ      ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှပြုလုပ်သော ၂၀၂၁ - ၂၀၂၂ ခုနှစ်နွေစပါး စံကွက်ရိတ် သိမ်းပွဲအခမ်းအနားကို ကော့ကပ်ကြီး ကျေးရွာအုပ်စု ကွင်းအမှတ် (၁၆၅၅)တောင်သူ ဦးကျော်စိုးထွန်း ၏ နွေစပါးဧက(၁၀)ဧက စံပြကွက်တွင် ယနေ့ နံနက်(၉)နာရီက ကျင်းပခဲ့သည်။      

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနတိုင်းဒေသကြီး ဦးစီးမှူး  ဦးစိန်မောင်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ကျော်စိုးနှင့်ဝန်ထမ်းများ၊ မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ နှင့်ဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တောင်သူများ တက်ရောက်ခဲ့ပြီး အဆိုပါ နွေစပါး မှော်ဘီ - ၃ စပါးမျိုးအား ရိတ်သိမ်းချွေလှေ့ စက်ဖြင့် (ဝ.၁၀) ဧကစံကွက် ရိတ်သိမ်းရာတွင် တစ်ဧကအခြောက်အထွက်နှုန်း (၁၈၇.၄၄) တင်းထွက်ရှိခဲ့သည်။ ယင်းနောက်ကော့ကပ်ကြီး ကျေးရွာအုပ်စုတောင်သူ (၉)ဦး အားသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ (၄၅) ဧကစာ အတွက် တစ်ဧကလျှင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ (၄) ပြည်နှုန်းထောက်ပံပေး အပ်ခဲ့ကြောင်းသိရသည်။

သတင်း - ဝေယံ 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)