စဉ့်ကိုင်မြို့နယ်၌ အခြေခံပညာကျောင်းများတွင်၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ ကျောင်းတွင်းအောင်စာရင်းများ ထုတ်ပြန်ကြေငြာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ်၌ အခြေခံပညာကျောင်းများတွင်၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ ကျောင်းတွင်းအောင်စာရင်းများ ထုတ်ပြန်ကြေငြာ



MNP - ဧပြီ   ၂၅

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌   ၂၀၂၁ -၂၀၂၂  ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင်  ကျောင်းတွင်းစစ်စာမေးပွဲများမှ အတန်းလိုက် စာမေးပွဲအောင်စာရင်းများကို ယနေနံနက်ပိုင်းကစ၍ သက်ဆိုင်ရာကျောင်းများအလိုက် အောင်စာရင်းများထုတ်ပြန်၍ ကျောင်း၏ကြော်ငြာသင်ပုန်းများဖြင့် ကြေငြာပေးထားရာ ကျောင်းသားမိဘများ၊ ကျောင်း သူ/သား များလာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

အဆိုပါ  စာမေးပွဲအောင်စာရင်းများ  ကြေငြာရာတွင်  ၂၀၂၁  - ၂၀၂၂ ပညာသင်နှစ်၊  သင်ရိုးသစ် (KG)တန်းမှစ၍ (Grade-10)တန်းအထိ (တက္ကသိုလ်ဝင်တန်း မပါ)၊ အတန်းလိုက် အောင်စာရင်းများ ကိုကြေငြာပေးထားခဲ့ပြီး၊  ၂၀၂၂  ခုနှစ်၊ မေလ(၂၅) ရက်နေ့မှ စတင်၍ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသူ/သားများကို ကျောင်းအပ်နှံမှု လက်ခံပေးသွားမည်ဖြစ် ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သတင်း - ဝင်းဝင်းသန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)