အင်္ဂပူမြို့နယ်အတွင်းရှိ မီးဘေးနှင့် လေဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်္ဂပူမြို့နယ်အတွင်းရှိ မီးဘေးနှင့် လေဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများထောက်ပံ့



MNP - ဧပြီ   ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ယမန်နေ့ ညနေပိုင်းက အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာတို့တွင် ဖြစ်‌ပွားခဲ့သည့် မီးဘေးနှင့် လေဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် (၇)ရက်စာ ဆန်ရိက္ခာဖိုး‌များ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်‌‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်ကျော်မိုးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အင်္ဂပူမြို့နယ် ဦးစီးအရာရှိ ဒေါ်ဥမ္မာချမ်းမြေ့တို့မှ အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ ဓမ္မင်းကျွန်း(ရ)ကျေးရွာတွင် ဧပြီလ ၅ ရက်နေ့က ဖြစ်ပွားခဲ့သော မီးဘေးသင့် သစ်အိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်း ထောက်ပံ့ငွေ (၂၀၂၁၀ဝ) ကျပ်ကိုလည်းကောင်း၊ ခြောက်ရွာကျေးရွာအုပ်စု ကျုံပို‌ကျေးရွာ နှင့် ဒေါင့်ကြီးကျေးရွာတို့တွင် ဧပြီလ ၇ ရက်နေ့က လေဘေးကြောင့် ပြိုကျပျက်စီးခဲ့‌သော လူနေ အိမ်(၄)လုံးနှင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာ ဖိုး စုစုပေါင်း ထောက်ပံ့ငွေ (၄၅၁၅၀ဝ) ကျပ်ကိုလည်းကောင်း၊ ခြောက်ရွာကျေးရွာအုပ်စု၊ ကျုံပို ကျေးရွာတွင် ဧပြီလ ၉ ရက်နေ့က ဖြစ်ပွားသော လေဘေးကြောင့် ပျက်စီးခဲ့‌သော လူ‌နေအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်းထောက်ပံ့ငွေ (၅၄၇၀ဝ) ကျပ်ကို လည်းကောင်း၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ နံကပ်ကြီးကျေးရွာတွင် ဧပြီလ (၂၅)ရက်နေ့က ဖြစ်ပွားသော လေဘေးကြောင့် ပျက်စီးခဲ့‌သော အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်း ထောက်ပံ့ငွေ (၆၂၆၀ဝ) ကျပ်နှင့် ပါးစပ်နှင့် နှာ‌ခေါင်းစည်း (mask)များ ထောက်ပံ့ပေးအပ်ရာ  ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

သတင်း - မန်းကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)