ဇီးကုန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်နှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီးကုန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်နှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲ ပြုလုပ်

MNP - ဧပြီ    ၂၂

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်နှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးအာကာဖြိုးက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ခင်ချိူချိူလွင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဒေသန္တရ စီမံကိန်းရည်မှန်းချက်ကဏ္ဍများနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြား၍ မိမိဒေသ အတွင်းရှိ ရပ်ကွက်/ ကျေးရွာများအထိ ရည်မှန်းချက် တစ်ခုချင်းအပေါ်လိုအပ်သော လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်း အချိန်ဇယားများ စီမံချက် ရေးဆွဲကာ စနစ်တကျကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ကဏ္ဍအလိုက် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးများ တိုးတတ်စေရန်အတွက် အလား အလာရှိသော ကုန်ပစ္စည်း အမယ်သစ်များ၊ လုပ်ငန်းသစ်များ ဖော်ထုတ်နိုင်ရေးနှင့် ရှိပြီးကုန်ထုတ် စွမ်းအားစုများကိုလည်း ထုတ်လုပ်မှုများ တိုးတက်မြင့်မားအောင် ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ထို့နောက် ဇီးကုန်းမြို့နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဒေသန္တရ စီမံကိန်းရည်မှန်းချက်ပါ လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှု ကဏ္ဍကြီးနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းများတို့ကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ သက်ဆိုင်ရာကဏ္ဍအလိုက်တာဝန်ရှိသူများထံ တာဝန်များပေးအပ်ခဲ့ပြီး၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ကျေးရွာအုပ်စုအလိုက် လိုအပ်ချက်များကို စာရင်းပြုစုတင်ပြကြရန် ပြောကြားခဲ့‌ကြောင်း သိရသည်။

သတင်း - တင့်ဆွေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)