ဗဟန်းမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်ကာလ ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံကွန်ပျူတာသင်တန်း (အခမဲ့)ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗဟန်းမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်ကာလ ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံကွန်ပျူတာသင်တန်း (အခမဲ့)ဖွင့်လှစ်



MNP -  ဧပြီ ၂  ၃

ဗဟန်းမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ ကလေးများ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်‌ရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်နှင့် ကွန်ပျူတာပညာရပ်ကို အခြေခံတက် မြောက်စေရန် ရည်ရွယ်ကာ၊ ဗဟန်းမြို့နယ် အ‌ခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအတွက် အခြေခံ ကွန်ပျူတာ အသုံးပြုနည်းသင်တန်းကို ရန်ကုန်အ‌နောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(ဗဟန်း) (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ဖွင့်လှစ်‌လျက်ရှိသည်။

အခြေခံကွန်ပျူတာ အသုံးပြုနည်းသင်တန်းကို လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဧပြီလ(၂၂) ရက်နေ့မှစတင်၍ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၂၈)ဦးတို့ တက်ရောက်လျက်ရှိသလို သင်တန်း ကာလမှာ ဧပြီလ(၂၂)ရက်နေ့မှ မေလ(၂၂)ရက်နေ့အထိ အပတ်စဉ် ရုံးဖွင့်ရက်ကာလ တနင်္လာနေ့မှ သောကြာနေ့တိုင်း ဖွင့်လှစ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင်လည်း တက်ရောက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အခြေခံစာစီစာရိုက် နည်းများနှင့် အခြေခံကွန်ပျူတာ အသုံးပြုနည်းများကို ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှက စာတွေ့၊လက်တွေ့ လေ့ကျင့်သင်ကြားပေး လျက်ရှိကြောင်းလည်း သိရသည်။

သတင်း - ကျော်ဆန်းမြင့်  

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)