လားရှိုး ပညာရေးဒီဂရီကောလိပ်၌ ပညာရေးဘွဲ့စာပေးစာယူ ပထမနှစ်သင်တန်း (၁/၂၀၂၂) သင်တန်းသား/သင်တန်းသူများ ကြိုဆိုပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုး ပညာရေးဒီဂရီကောလိပ်၌ ပညာရေးဘွဲ့စာပေးစာယူ ပထမနှစ်သင်တန်း (၁/၂၀၂၂) သင်တန်းသား/သင်တန်းသူများ ကြိုဆိုပွဲကျင်းပ




MNP - ဧပြီ   ၂၂

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လားရှိုးပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ ဧပြီ(၂၂)ရက် နံနက်(၉)နာရီအချိန်က ပညာရေးဘွဲ့စာပေးစာယူ ပထမနှစ်သင်တန်း (၁/၂၀၂၂)သင်တန်းသား/သင်တန်းသူများအား ကြိုဆိုပွဲကျင်းပကြောင်း သိရသည်။

ကြိုဆိုပွဲအခမ်းအနားအား “မင်္ဂလာရှိသောနေ့သစ်များဆီသို့” သီချင်းဖြင့်သင်တန်းသား၊ သင်တန်းသူများက နှုတ်ခွန်းဆက်သကြပြီးနောက် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ၊ ရှမ်း/မြောက် ဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် လားရှိုးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်လွင်လွင်စန်းက သင်တန်းသား၊ သင်တန်းသူများနှင့် ပတ်သက်၍ နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး စီစဉ်ဆောင်ရွက်နေသောလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း(၁/၂၀၂၂)သင်တန်းသို့ သိရှိရပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးခရိုင်မှ(၁၂၅)ဦး၊ ကျောက်မဲခရိုင်မှ(၁၅၆)ဦး၊ မူဆယ်ခရိုင်မှ (၄၉)ဦး စုစုပေါင်း (၃၃၀)ဦး သင်တန်းတက်ရောက်ကြပြီး သင်တန်းကာလမှာ ၂၀၂၂ ခုနှစ် ဧပြီ(၂၀)ရက်မှ မေလ(၂၅) ရက်နေ့အထိ (၃၆)ရက်ကြာ ပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း သိရှိသည်။

သတင်း - ဟန်ဌေး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)