ပေါင်မြို့နယ်တွင်အသက်(၁၈)နှစ်ထက်ဒေသနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက် ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင်အသက်(၁၈)နှစ်ထက်ဒေသနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက် ထိုးနှံပေးလျက်ရှိ









MNP ၊ ဧပြီ ၆

မွန်ပြည်နယ်၊သထုံခရိုင်၊ပေါင်မြို့နယ် ရင်ငြိမ်းကျေးရွာဆေးပေးခန်းတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့်ရောဂါကူးစက်ပြန့်ပွားမှုကိုလျော့နည်းစေရန် ရည်ရွယ်၍ အသက်(၁၈)နှစ်ထက် ဒေသနေပြည်သူများ၊အ‌ကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိ‌ကြောင်းသိရသည်။

အဆိုပါ‌ဆေးထိုးခြင်းလုပ်ငန်းတွင်မြို့နယ်အုပ်ချုပ်ရေးမှုး ဦးသိုက်ထွန်း  မှကြီးကြပ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊‌ကျေးရွာအုပ်ချုပ်ရေးမှုးတို့ကရင်းငြိမ်မြောက်၊ရင်းငြိမ်တောင်၊ရွာတန်းရှည်၊အင်းပြောင်၊ကျောက်ရေတွင်းကျေးရွာများရှိပြည်သူများအား ပထမအကြိမ်ကာကွယ်ဆေးထိုးရန် လာရောက်သည့်ဒေသနေပြည်သူများအား စာရင်းရေးသွင်းခြင်း၊မှတ်တမ်းကောက်ယူခြင်း တို့ကို ပူးပေါင်း ဆောင်ရွက်ပေးခဲ့ခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတို့ကိုဆောင်ရွက်ပေးခဲ့ပြီး ပထမအကြိမ်အနေဖြင့်စုစုပေါင်း (၁၁၃)ဦး ကိုစတင်ထိုးနှံပေးခဲ့ပြီး ၂၀၂၂ခုနှစ်၊မေလ(၄)ရက်နေ့တွင်ဒုတိယအကြိမ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။


သတင်း - တင်ဇာစိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)