MNP - ဧပြီ ၂၆
ဆင်ပေါင်ဝဲမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစု နည်း သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ဆင်ပေါင်ဝဲမြို့၊အမှတ်(၁)အခြေခံ ပညာမူလတန်းလွန် ကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုအခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်း ဆိုင်ရာရှေးဦးပြုစုခြင်း၊ ရွေ့ပြောင်းသွားလာသူများ အန္တရာယ်ကင်းစွာ ရွေ့ပြောင်းသွားလာနိုင်ရေး၊ ဘေးကင်းလုံခြုံရေးအသိပညာပေးခြင်း ဒဏ်ရာများနှင့်သွေးယိုစီးခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့် ရိုးဆက်ကြောဒဏ်ရာများအကြောင်း၊ ကိုင်တွယ်နည်းနှင့် သယ်ဆောင်နည်းများ၊ အခြေခံအသက်ကယ် အထောက်ကူပြုနည်း အစရှိသည့် သင်ခန်းစာများကို မြို့နယ်ကြက်ခြခြေနီသူနာပြုတပ်ဖွဲ့မှ သင်တန်းဆရာများက စာတွေ့၊ လက်တွေ့ သင်ကြားဆောင်ရွက်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၀) ဦး တက်ရောက်သင်ကြားလျက်ရှိရာ သင်တန်း ကာလမှာ ဧပြီ ၂၅ ရက်နေ့မှ ဧပြီ ၂၉ ရက်နေ့အထိ (၅)ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်း - နိုင်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment