လပွတ္တာမြို့၌ လျှပ်စစ်သင်တန်းအမှတ်စဉ်(၁၂)၊ ဂဟေသင်တန်းအမှတ်စဉ်(၁၂)၊ မော်တော်ယာဉ် စက်ပြင်သင်တန်းအမှတ်စဉ်(၇)၊ လက်ကိုင်ဖုန်းပြင်သင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လပွတ္တာမြို့၌ လျှပ်စစ်သင်တန်းအမှတ်စဉ်(၁၂)၊ ဂဟေသင်တန်းအမှတ်စဉ်(၁၂)၊ မော်တော်ယာဉ် စက်ပြင်သင်တန်းအမှတ်စဉ်(၇)၊ လက်ကိုင်ဖုန်းပြင်သင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းပွဲကျင်းပ



MNP - ဧပြီ  ၂၂

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊  စက်မှုလက်မှုပညာသင်တန်းကျောင်း (လပွတ္တာ)၌ ဆောက်လုပ်ရေးသင်တန်း အမှတ်စဉ်(၅)၊ လျှပ်စစ်သင်တန်း အမှတ်စဉ်(၁၂)၊ ဂဟေ သင်တန်း အမှတ်စဉ်(၁၂)၊ မော်တော်ယာဉ်စက်ပြင်သင်တန်း အမှတ်စဉ်(၇)၊ လက်ကိုင်ဖုန်းပြင် သင်တန်းအမှတ်စဉ် (၉)ဆင်းပွဲကို စက်မှုလက်မှုပညာ သင်တန်းကျောင်းခန်းမ၌ ယနေ့ နံနက် (၈)နာရီ အချိန်က ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့် အမှာစကားပြောကြားရာတွင် “ဤသင်တန်းကျောင်းကို နာဂစ်လေဘေးသင့် ပြည်သူတွေရဲ့ သားသမီး၊ လူငယ်တွေ၊ ဘဝနေထိုင်မှုဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အသက် မွေးဝမ်းကျောင်း လုပ်ငန်းပညာတွေ တတ်မြောက်စေရန် ရည်ရွယ်ပြီး စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ် ဒေသအပါအဝင် ကျေးလက်နေပြည်သူများနှင့် မြို့ပြနေ ဆင်းရဲနွမ်းပါးသူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် စက်မှုလက်မှု သင်တန်း ကျောင်းများ ဖွင့်လှစ်ပေးပြီး ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးကာ အလုပ်အကိုင် အခွင့်အလမ်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်ကို ကောင်းစွာအသုံးချနိုင်ပြီဆိုရင် တိုင်းပြည်ရဲ့ အလုပ်လက်မဲ့ ဦးရေလျော့ချနိုင်မှာဖြစ်တဲ့အပြင် တစ်ဦးချင်း ဝင်ငွေများစွာ တိုးတက်စေမှာဖြစ်ကြောင်း၊  သင်တန်းသားများအနေဖြင့် သင်ကြားလေ့ကျင့်ခဲ့သော ဘာသာရပ်အလိုက် အသက်မွေးဝမ်းကျောင်းလုပ်ကိုင် ဆောင်ရွက်ရာတွင် ဝင်ငွေရလုပ်ငန်းတစ်ခုအား ပိုင်နိုင်စွာ ဆောင်ရွက်ခြင်းဖြင့် ဘဝရပ်တည်ရေး ခိုင်မာသေချာ လာမည်ဖြစ်ပါကြောင်း သင်တန်းသားများအနေဖြင့် ပညာရပ်များကို တိုးတက်မြင့်မားလာအောင် ဆက်လက်လေ့လာ သင်ယူလေ့ကျင့်ရေးတို့ ဆောင်ရွက်သွားစေလိုကြောင်း” ပြောကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်က သင်တန်းများတွင် ထူးချွန်ဆုရသင်တန်းသားများအား ထူးချွန်ဆုများ၊ သင်တန်းဆင်း အောင်လက်မှတ်များ ၊ သင်တန်းကျောင်းသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး သင်တန်းကို သင်တန်းသား (၄၅)ဦး တက်ရောက်ပြီး  သင်တန်းကာလ(၂၂)ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး လက်တွေ့ခန်း သုံးပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများလည်း ပြည့်စုံစွာ ထောက်ပံ့ပေးပြီး အခမဲ့ဖွင့်လှစ် သင်ကြားပေးခဲ့သည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)