အမ်းမြို့နယ်၌ တက္က သိုလ်ဝင်စာမေးပွဲ ကို စာစစ်ဌာန (၈)ခု ၌ ဆဌမနေ့ ဇီဝဗေဒ၊ ဘောဂဗေဒဘာသာ ရပ်အား(၁၅၈၉) ဦးဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ တက္က သိုလ်ဝင်စာမေးပွဲ ကို စာစစ်ဌာန (၈)ခု ၌ ဆဌမနေ့ ဇီဝဗေဒ၊ ဘောဂဗေဒဘာသာ ရပ်အား(၁၅၈၉) ဦးဖြေဆို

 


အမ်း ၊ ဧပြီ ၆

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့နယ် ၌ ၂၀၂၁/၂၀၂၂-ခုနှစ်ပညာသင်နှစ်တက္ကသိုလ်ဝင်စာ မေးပွဲ ရူပဗေဒဘာသာရပ်အား ယနေ့ နံနက် ၉ နာရီ အချိန် ပဉ္စမနေ့ အဖြစ် ကျောင်းသား၊ကျောင်း သူ များစာစစ်ဌာန(၈)ခု ၌ဖြေဆိုသူ စုပေါင်း(၁၅၈၉)ဦး အေးချမ်းတည်ငြိမ်စွာ ဖြေဆိုလျက်ရှိ ကြောင်းသိရသည်။


အမ်းမြို့နယ်တွင် စာစစ်ဌာန စုစုပေါင်း (၈)ခု ရှိ၍ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုရန်စာရင်းရှိကျောင်း သား/ကျောင်းသူ စုစုပေါင်း(၁၈၆၃) ဦး အနက်(၁၅၈၉ )ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ-

အထက(၁)စာစစ်ဌာန၊အထက (၂) စာစစ်ဌာန အထက (၃) အရှေ့ပိုင်းစာစစ်ဌာန ၊အထက ရူးစာစစ်ဌာန ၊  အထက ဒါးလက် အ နောက် စာစစ်ဌာန ၊ အထက တပ်တောင် စာစစ်ဌာန ၊အထက မင်းတက်စာစစ်ဌာ  နှင့်အထက ကျောက်မြောင်းစာစစ်ဌာန၌ တို့၌ ဇီဝဗေဒဘာသာရပ်၌ စာရင်းရှိ (၁၅၀)ဦး ဖြေဆို (၁၄၂)ဦး၊ပျက်ကွက်( ၈) ဦး၊ ဘောဂဗေဒဘာသာရပ်၌ စာရင်းရှိ (၁၇၁၃)ဦး၊ဖြေဆို (၁၄၄၇)ဦး၊ ပျက်ကွက်( ၂၆၆)ဦးရှိရာ ဇီဝဗေဒ၊ဘောဂဗေဒ ဘောသာရပ်များ၌ စာရင်းရှိ (၁၈၆၃)ဦး၊ ဖြေဆိုသူ (၁၅၈၉) ဦး၊ပျက် ကွက် (၂၇၄) ဦး၊ဖြေ ဆိုသူရာခိုင်နှုန်းမှာ (၈၅.၂၉) ရှိကြောင်းနှင့်၎င်းတို့မှာအေး ချမ်းစွာဖြင့် စာစစ်ဌာများ၌ ဖြေဆိုလျက်ရှိ ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ  ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျန်းမာရေး ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ ၊ဌာနဆိုင်ရာများ၊ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းအဖွဲ့ဖြင့်အပြင်စည်းလုံခြုံ ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)