MNP - ဧပြီ ၂၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် (အပတ်စဉ်)စနေနေ့တိုင်း စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရေးပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖ များက မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း သန့်ရှင်းသာယာ လှပစေရေးအတွက် သန့်ရှင်းရေးပြုလုပ်ခြင်း၊ လမ်းဘေးဝဲယာ သစ်ပင်ပန်းပင်များ စိုက်ပျိုးခြင်း/လမ်းနှင့် မလွတ်ကင်းသည့် သစ်ကိုင်းသစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို အပတ်စဉ် စနေနေ့တိုင်း ရပ်ကွက်အတွင်းရှိ လမ်းများတွင် အလှည့်ကျ ဆောင်ရွက်သွားနိုင်ရေးအတွက် ဆွေးနွေး ခဲ့ကြသည်။
အစည်းအဝေးသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ခံများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - စိုးမင်းထွန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment