ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ အတွက် စာအုပ်စာစောင်များ လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ အတွက် စာအုပ်စာစောင်များ လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်




MNP - ဧပြီ   ၂၃

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအတွက် စာအုပ် စာစောင်များ လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ မင်္ဂလာခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး စာကြည့်တိုက်ကြီးကြပ်ရေး ကော်မတီဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီဝင်များနှင့် ရပ်ကွက်နှင့် ကျေးရွာစာကြည့်တိုက်မှူးများ တက်ရောက် ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း အမှာစကားပြောကြားရာတွင် ‘‘ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖွင့်လှစ်ခဲ့သည့် စာကြည့်တိုက်ပေါင်း လေးရာ့ရှစ်ဆယ်တစ် တိုက်ရှိသည်ဟု သိရပါကြောင်း၊ အဆိုပါစာကြည့်တိုက်များထဲမှ စာဖတ်သူများအတွက် ဖွင့်လှစ်ပေးနေသည့် စာကြည့်တိုက် တစ်ရာ့နှစ်ဆယ်တိုက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ငွေကျပ်ငါ့ဆယ့်ငါးသန်း တန်ဖိုးရှိ စာအုပ်စာစောင်များကို ထောက်ပံ့ လှူဒါန်းပေးခြင်း ဖြစ်ပါကြောင်း၊ လူ့အသိုက်အဝန်းတစ်ခု(သို့) လူတစ်ဦးချင်းစီ၏ အခြေခံအကျဆုံး လူ့တန်ဖိုးများကို ညွှန်ဆိုပြပါဆိုလျှင် လွတ်လပ်မှု(Freedom)၊ ကြွယ်ဝချမ်းသာမှူ (Prosperity)နှင့် ဖွံ့ဖြိုးတိုးတက်မှု (Development)တို့ကို ညွှန်းဆိုပြသရမည် ဖြစ်ပါကြောင်း၊ လူ့တန်ဖိုးချင်းရာတွေကို ရရှိနိုင်ရန် မိမိတို့၏ လူ့အဖွဲ့စည်းကို နိုးကြားတက်ကြွသော လူအဖွဲ့စည်းတစ်ရပ်အဖြစ် ဖော်ဆောင်ပေးရန် လိုအပ်သလို အသိပညာ ဗဟုသုတကြွယ်ဝသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာဖို့လည်း လိုအပ်ပါကြောင်း အသိပညာ ဗဟုသုတ ပြည့်ဝသည့် နိုင်ငံသားတစ်ဦးက မိသားစုတစ်စု၊ တစ်ရွာတစ်မြို့မှသည် နိုင်ငံကို ဦးဆောင်သည့် နိုင်ငံ့ခေါင်းဆောင်များ ကမ္ဘာ့ခေါင်းဆောင်များ ဖြစ်လာနိုင်ပါကြောင်း၊ ၂၁ ရာစုတွင် ကမ္ဘာ့နိုင်ငံအသီးသီးအနေနှင့် နိုင်ငံသားတစ်ဦးချင်းစီ၏ အသိပညာ ဗဟုသုတ ကြွယ်ဝမှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုတို့ဖြင့်နိုင်ငံ ဖွံ့ဖြိုးတိုက်တက်အောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) က ၁၉၉၄ ခုနှစ်တွင် ပြည်သူ့စာကြည့်တိုက်များနှင့် ပတ်သတ်သည့် မူဝါဒကြေငြာ စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့ပါကြောင်း၊ ကြေငြာစာတမ်းတွင် “ပြည်သူ့စာကြည့်တိုက်သည် ဗဟုသုတမျိုးစုံနှင့် သတင်းအချက်အလက် မျိုးစုံကိုစာကြည့်တိုက် အသုံးပြုသူများသို့ အရန်သင့်ပေးစွမ်းနိုင်သော ဒေသဆိုင်ရာ သတင်းအချက်အလတ်ဌာန ဖြစ်သည်”ဟု အဓိပ္ပာယ် ဖွင့်ဆိုထားပါကြောင်း၊ ယနေ့အချိန်တွင် ပြည်သူစာကြည့်တိုက်များ အနေနှင့် စာငှားစာဖတ်ရုံသက်သက် မဟုတ်တော့ပဲ ပြည်သူများ၏ လူနေမှုဘဝများ တိုးတက်စေရေးအတွက် လိုအပ်သည့် သတင်းအချက်များ ရယူအသုံးပြုနိုင်သည့်နေရာ၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများအတွက် သတင်းအချက်အလတ်များ ဖြန့်ဝေပေးသည့်နေရာ၊ ၂၁ရာစုဖွံ့ဖြိုး တိုက်တက်မှုများအတွက် အကောင်းဆုံးသော လုပ်ဖော်ကိုင်ဖက်များ ရှာဖွေရာနေရာအဖြစ် အသွင်သဏ္ဍာန်ရော အနှစ်သာရပါ ပြောင်းလဲလာစေဖို့အတွက် စာကြည့်တိုက်များကြီးကြပ်ရေး ကော်မတီဝင်များ၊ စာကြည့်တိုင်မှူးများက ပုံဖော်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ မဖွင့်နိုင်သေးသည့် စာကြည့်တိုက်များ အနေနှင့်လည်း အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး ကူညီဆောင်ရွက်ပေးကြဖို့ အလေးအနက်ပြောကြား လိုပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအနေနှင့် စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်စေရေးအတွက် တက်နိုင်သမျှ ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်က ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများအား လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည့်သူဆက်ဆံရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဆန်းဝင်းက ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သည့် အခြေနေများအား လည်းကောင်း ရှင်းလင်း‌ ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီဝင်များနှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက် (၁၂၀)တိုက်သို့ သုတ/ရသ၊ စာအုပ်စာစောင်များကိုပေးအပ် လှူဒါန်းခဲ့ကြသည်။

ထိုနောက် ဦးမိုးမြင့် အမှုဆောင်အရာရှိချုပ် M.P.R.L.E&P Pte Ltd က ငွေကျပ် ၁,၁၄၀,၀၀ဝိ/ တန်ဖိုးရှိ “မြန်မာ့စွမ်းအင်သူရဲကောင်း”  စာအုပ် ၁၂၀ အုပ်အား လှူဒါန်းပြီး ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ကိုယ်စား တွံတေးမြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးသက်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - အောင်မြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)