ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒိုက်ဦးမြို့နယ် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒိုက်ဦးမြို့နယ် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ


MNP ၊ ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုရွှေ၊ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ကျော်ထွဋ် နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့သည် ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ဒိုက်ဦးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံပွဲ ကျင်းပသည်။


အဆိုပါ တွေ့ဆုံပွဲတွင် နွေစပါး တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆီထွက်သီးနှံ(နေကြာ) တိုးချဲ့စိုက်ပျိုး နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဧပြီလကုန်အပြီး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးနှင့် နိုင်(၄)စာရင်းများ Server ထဲသို့ ဧပြီလအကုန်အပြီး ထည့်သွင်းနိုင်ရေး ဆွေးနွေးတင်ပြခဲ့ရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီးနောက် အစည်းအဝေးခန်းမ၌ နိုင်(၄)စာရင်းများ Server အတွင်းသို့ ထည့်သွင်းနေမှု အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး နိုင်(၄)စာရင်းထည့်သွင်းနေသည့် ဝန်ထမ်းများအတွက် ထောက်ပံ့ ငွေကျပ်(၄)သိန်း ပေးအပ်ခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒိုက်ဦးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ကျန်းမာရေးဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ရာ ဆေးရုံဝန်း အတွင်း ဂဝံ အမာခံမြေဖို့ခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ ငွေကျပ်(၅)သိန်းအား ဆေးရုံအုပ်ကြီးထံ ပေးအပ်ခဲ့သည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာ၊ တောင်သူ ဦးစိုး၏ (မိုးစပါး၊ ပဲတီစိမ်း၊ နွေစပါး) သုံးသီး၊ သီးနှံ ပုံစံစိုက်ခင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ဟတ်တာကွက်များ ဖော်ထုတ်ရန်၊ ဆည်လက်တံရေပေးမြောင်းများ ပြန်လည်တူးဖော်နိုင်ရေးနှင့် ပတ်ဝန်းကျင် တောင်သူများအား သုံးသီး သီးနှံစိုက်ပျိုးစေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့ကြောင်းပြီး တောင်သူများအတွက် ဓါတ်မြေဩဇာ(၂၀)အိတ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)