ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုယ်ကာယကြံ့ခိုင်မှု အခြေခံအေရိုးဗစ် သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုယ်ကာယကြံ့ခိုင်မှု အခြေခံအေရိုးဗစ် သင်တန်းဖွင့်လှစ်

 


MNP - ဧပြီ   ၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်(အရှေ့ပိုင်း)ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အခြေခံအေရိုးဗစ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဒေါ်သန်းသန်းနွယ်က "ကျောင်းသား/သူ လူငယ်လူရွယ်များ၊ ပြည်သူများ ကျန်းမာရေးအထောက်အကူပြုစေရန် အတွက် ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်လာစေရန်၊ စုပေါင်းလုပ်ဆောင်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ လူထုလှုပ်ရှားမှု အသိပညာပေး အစီအစဉ်များ ဆောင်ရွက် နိုင်ရေးအတွက် အားကစားသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း" ရှင်းလင်းပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားသည်။ 

ဆက်လက်၍ ကျောင်းသား/သူလေးများက ကိုယ်ကာယကြံ့ခိုင်မှု အခြေခံအေရိုးဗစ်သင်တန်းကို မြို့နယ်အားကစားမှူး ဒေါ်သန်းသန်းနွယ်မှ သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။ ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း အခြေခံအေရိုးဗစ်သင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆက်ရေးဦးစီးဌာန (Community Centre) ခန်းမတွင် (၄.၄.၂၀၂၂) ရက်နေ့မှ (၈.၄.၂၀၂၂)ရက် နေ့အထိ သင်တန်းနည်းပြ(၁) ဦး၊ ကျောင်းသား/သူ (၁၅) ဦးတို့ဖြင့်  ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - မြင့်မြင့်ရီ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)