ပဲခူးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုလျက်ရှိသော ကျောင်းသား/ကျောင်းသူများအားအားဖြည့်အချိုရည် နှင့် အာဟာရမုန့်များ ဝေငှ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုလျက်ရှိသော ကျောင်းသား/ကျောင်းသူများအားအားဖြည့်အချိုရည် နှင့် အာဟာရမုန့်များ ဝေငှ





MNP ၊ ဧပြီ ၆

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မတ်လ (၃၁) ရက်နေ့မှစတင်၍သက်ဆိုင်ရာမြို့နယ်စာစစ်ဌာနများအလိုက် ကျင်းပပြုလုပ်လျက်ရှိပြီး ယနေ့ နံနက်ပိုင်းက ဇီဝဗေဒဘာသာရပ်ကို ပဲခူးမြို့နယ်ရှိ စာစစ်ဌာန( ၇ )ခုတွင် ဖြေဆို လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော အားဖြည့်အချိုရည် နှင့် အာဟာရမုန့်များအား ပဲခူး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော် ဦးဆောင်၍ နယ်မြေခံတပ်ဖွဲ့ဝင်များ ၊ ရဲတပ်ဖွဲ့ဝင်များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များဖြင့် ပဲခူးမြို့ အထက ( ၁ ) ၊ အထက ( ၃ ) ၊ အအထ( ၅ ) ၊ အထက ( အင်း တ ကော် ) ၊ အထက ( ထုံး ကြီး ) ၊ အထက ( ဘုရားကြီး ) ၊ အထက ( ထန်းတောကြီး ) ကျောင်းများသို့ သွားရောက်၍ ကျောင်းသား ၊ ကျောင်းသူများ စာမေးပွဲဖြေဆိုပြီးချိန်တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည် ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)