ကဗျည်းမော်ကွန်းတင်ရမည့် သူရဲကောင်းများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကဗျည်းမော်ကွန်းတင်ရမည့် သူရဲကောင်းများ

 


မြန်မာပြည်တွင် တိုင်းပြည်ပျက်စီးရေးကို အားသွန်ခွန်စိုက် လုပ်ဆောင်နေသော အဖွဲ့အစည်းသည် ရှိ၏။ ထိုအဖွဲ့စည်းသည် အာဏာလက်မဲ့ဖြစ်ခဲ့ရသည့်နေ့မှစ၍ တစ်နေ့မနား တိုင်းပြည်ပျက်သုဉ်းရေးကို လုပ်ဆောင်လျက်ရှိ၏။ ထိုသူများသည် တိုင်းပြည်၏ အချုပ်အခြာအာဏာကို စည်းမဲ့ ကမ်းမဲ့ ရယူလို၏။ ဥပဒေမဲ့ အာဏာရရေးကိုသာ ရှေးရှုလုပ်ဆောင်ခဲ့ကြ၏။ ထိုသို့ စည်းမဲ့ကမ်းမဲ့ ဥပဒေကိုချိုးဖောက်၍ အာဏာလက်မဲ့ ရယူရန် ကြိုးပမ်းခြင်းကြောင့် တပ်မတော်က ထိန်းသိမ်းခဲ့သည်ကိုပင် ဂရုမပြုကြဘဲ ဆက်လက်၍ စည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့ ဆူပူအကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်လျက်ရှိ၏။ လုပ်ကြံသတ်ဖြတ်မှုများကို နေ့စဉ်ရက်ဆက် ကျူးလွန်လျှက်ရှိသည်။ 


အလုံးစုံပျက်သုဉ်းရေးအတွက် ဖန်တီးခဲ့ကြသူများ၏ ဆူပူအကြမ်းဖက်၊ တိုက်ခိုက်သတ်ဖြတ်မှု မှတ်တမ်းများတွင် EPC ရုံးများကို တိုက်ခိုက်သည်။ ယာဉ်ထိန်းရုံးများကို တိုက်ခိုက်ဖျက်ဆီးသည်။ ရန်ကုန်မြို့ပေါ်တွင် အကြီးမားဆုံး တိုက်ခိုက်မှုအဖြစ် Ruby Mart နှင့် Gandamar Hole Sale တို့ကို တပ်မတော်ပိုင် စီးပွားရေးဟု ခေါင်းစဉ်တပ်ကာ မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ထို့အပြင် အလုံးစုံပျက်သုဉ်းရေးအတွက် လုပ်ဆောင်နေသူများသည် အများပြည်သူ ဆက်သွယ်ရေးအတွက် အသုံးပြုနေသည့် ဖုန်းတာဝါတိုင်ပေါင်းများစွာကို ဖျက်ဆီးခဲ့ကြသည်။ ပြည်သူလူထုအတွက် အရေးတကြီးလိုအပ်နေသော လျှပ်စစ်တာဝါတိုင်များကိုလည်း ဖျက်ဆီးခဲ့ကြသည်။ အဆိုးဆုံးအနေဖြင့် ဘုန်းတော်ကြီးကျောင်းကိုပင် မီးရှို့ဖျက်ဆီးကြသည်။ စာသင်ကျောင်းများကိုလည်း ဖောက်ခွဲတိုက်ခိုက်၊ မီးရှို့ဖျက်ဆီး လုပ်ဆောင်နေကြဆဲဖြစ်သည်။

ထိုသို့ အလုံးစုံပျက်သုဉ်းရေးအတွက် အားကြိုးမာန်တက် လုပ်ဆောင်နေသူများသည် အာဏာလက်မဲ့ဖြစ်သွားသော NLD ပါတီမှ ကိုယ်ကျိုးရှာနိုင်ငံရေးသမားများဖြစ်သည်ကို ငြင်းဆန်၍မရ။ ၎င်းတို့ အာဏာလက်မဲ့ဖြစ်ပြီး လမ်းဘေးရောက်သည့်နေ့မှစ၍ တစ်နေ့တစ်မျိုး မရိုးရလေအောင် ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်လုပ်ဆောင်နေကြခြင်း မဟုတ်ပါလော့။ ကျွန်တော်တို့ နိုင်ငံ၏ ဥပဒေစိုးမိုးရေး အမြဲတမ်း အံ့သြဖို့ကောင်းပါသည်။ အာဏာလက်မဲ့ဖြစ်သွားသော NLD ပါတီက ထိုသို့လုပ်ဆောင်နေပါလျှက် ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်းကောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရလည်းကောင်း နိုင်ငံရေးပါတီတစ်ရပ် စောင့်ထိန်းလိုက်နာရမည့် စည်းကမ်းများကို ချိုးဖောက်နေမှန်း သိပါလျက် တာဝန်ရှိသူများသည် ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်း မရှိ။ ဤသည်ကား ဥပဒေစိုးမိုးရေး လုပ်ဆောင်နေသူများ၏ လုပ်ဆောင်ချက်မှာ သိသာထင်ရှားစွာ တလွဲဆံပင်ကောင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထင်ရှားသော အချက်ကို ထောက်ပြခြင်းသာဖြစ်၏။ ဝေဖန်ခြင်း၊ စော်ကားခြင်း အလျဉ်းမပြုဝံ့ပါ။ အကြမ်းဖက်ပါတီအပေါ် ဥပဒေစိုးမိုးဖို့ရာ ဝန်လေးသော်လည်း မိမိတို့ အနေဖြင့် ဝေဖန်ပြောဆိုမိသည်ရှိသော် ချက်ချင်းလက်ငင်း ဥပဒေစိုးမိုးနိုင်သည်ကို နားလည်သဘောပေါက်ခြင်းကြောင့် မဝေဖန်ဝံ့ခြင်းဖြစ်ပေသည်။

တခါတရံ စဉ်းစားမိသည်။ နေ့စဉ် NLD အစွန်းရောက် နီပိန်း အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် သံဃာတော်များ၊ ဆရာ/ ဆရာမများ၊ အပြစ်မဲ့ ပြည်သူများ သေဆုံးနေရသည်ကိုလည်း ကျွန်ုပ်တို့ အနေဖြင့် လက်ပိုက်ကြည့်နေကြရသည်။ တဖက်တွင် ဥပဒေမဲ့ ကိုယ်ကျိုးရှာနေသူများအကြောင်း သိသိနှင့်လည်း ရေငုံနှုတ်ပိတ် နေရသည်။ အကြမ်းဖက်သမားကို တိုင်ကြားသည်။ သက်ဆိုင်ရာ ဌာနက ငွေယူ၍ လွှတ်ပေးလိုက်သည်။ ကိုယ်ကျိုးရှာလိုက်ပြီကို သိသိနှင့် ရေငုံနှုတ်ပိတ်နေရခြင်း ဖြစ်သည်။ စဉ်းစားမိသည်ကား ကျွန်ုပ်တို့သည် NLD အစွန်းရောက် အကြမ်းဖက်သမားများကိုလည်း ကြောက်နေကြရသည်။ အကြမ်းဖက်သမားထံမှ လာဘ်လာဘ ယူ၍ ကိုယ်ကျိုးရှာနေသူများကိုလည်း ကြောက်ရသည်။ ကျွန်ုပ်တို့သည် ဖင်ခေါင်းကျယ်များဖြစ်သည်ဟူသော စာတန်းကို ချိတ်စွဲထားရမလိုဖြစ်နေပြီ။ အကြမ်းဖက်သမားကိုလည်း ကြောက်ရ၊ ဥပဒေအလွဲသုံးစား လုပ်နေသူများကိုလည်း ကြောက်ရသည် မဟုတ်ပါလော့။

ဒီနေ့ဒီအချိန်တွင် အကြောက်တရားကိုဖျောက်ပြီး လမ်းမှန်ပေါ် လျှောက်နေသူများမှာ စာသင် စာကျက် မပြတ်သော ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ များဖြစ်သည်။ NLD အစွန်းရောက် အကြမ်းဖက်ပါတီမှ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားသည် ကျောင်းများဖွင့်လှစ်မည်ဆိုကတည်းက ခြောက်လှန်နေကြခြင်းဖြစ်သည်။ မျိုးရန်နောင်သိန်း ဆိုသည့် အကြမ်းဖက်လှုံ့ဆော်သူက ကျောင်းများဖွင့်မည်ဟု သတင်းထုတ်ပြန်ကတည်းက ကျောင်းသားမိဘများကို ကိုယ့်သား၊ ကိုယ့်သမီး လက်ပြတ်၊ ခြေပြတ်ဖြစ်ချင်ရင် ကျောင်းထား၊ အခန့်မသင့်ရင် အသက်ပါသွားနိုင်တယ် ဟူ၏။ ကျောင်းသားမိဘ အများစု စိုးရိမ်ကြသည်။ ကျောင်းသားမိဘ အများစုသည် NLD အစွန်းရောက် အကြမ်းဖက် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ လုပ်ကြံဖန်တီး လှုံ့ဆော်ဝဒါဖြန့် မှိုင်းတိုက်သမျှကို ယုံကြည်၍ ကျောင်းမထားကြ။ မနက်ဖန်၊ သဘက်ခါ NLD အစွန်းရောက်တွေ အာဏာပြန်ရတော့မည်ဟု ဆိုခြင်းကို ယုံကြည်နေကြသူများလည်း ရှိသေးသည်။ ၎င်းတို့ ယုံကြည်ထောက်ခံနေသော ကိုယ်ကျိုးရှာနိုင်ငံရေးသမားများသည် နိုင်ပြီဟု ပြောပြီး တတိယနိုင်ငံကို အရောက်ပြေးကြသည်ကိုလည်း သတိမပြုမိကြချေ။ နိုင်တော့မည် ဆိုသည့် စကားလုံးကို ပါးစပ်ဖျားကမချ ပြောနေသည့် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများသည် မြန်မာနိုင်ငံသားများ မဟုတ်ကြတော့သည်ကိုလည်း သတိပြုမိကြဟန်မရှိ။ ထို့ကြောင့် နီပိန်းများဟု တင်စားခံရခြင်း ဖြစ်သည်။ တချို့ကလည်း ကိုယ့်သား၊ ကိုယ့်သမီး အကြမ်းဖက်ဘေးအန္တရာယ် ရင်ဆိုင်ရမည်ကို စိုးရိမ်သဖြင့် ကျောင်းမထားကြ။ စိုးရိမ်သည့် ကြားကပင် မိမိတို့ ရင်သွေး ပညာရေး နောက်မကျစေရေး ကျောင်းထားသည်။ ထိုသို့သော ကျောင်းသားမိဘများကိုလည်း စာရေးသူအနေဖြင့် အလေးအမြတ်ပြု ဦးညွှတ်ပါသည်။


NLD အစွန်းရောက် အကြမ်းဖက်ပါတီမှ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများကို ဤမျှလောက် ယုတ်ကန်းလိမ့်မည်ဟု တခါဖူးမှ မတွေးမိခဲ့။ နိုင်ငံရေးသမားဟူသည် တိုင်းပြည်ကောင်းစားရေးကို ရှေးရှုလုပ်ဆောင်ကြမည် ဟုသာ အထင်ရှိခဲ့သည်။ အာဏာလက်မဲ့ဖြစ်၍ သွေးရူးသွေးတမ်း ပြောဆိုနေခြင်းမျှသာဖြစ်ပြီး အဟုတ်တကယ် ကျောင်းများကို ဖောက်ခွဲတိုက်ခိုက်ခြင်း၊ ဆရာ/ ဆရာမများကို လုပ်ကြံသတ်ဖြတ်ခြင်း လုပ်လိမ့်မည်ဟု လုံးဝမထင်ခဲ့မိပါ။ အာဏာလက်မဲ့ဖြစ်၍ သွေးရူးသွေးတမ်း ဖြစ်နေသူများသည် ကျွန်တော့်အထင်နှင့် တတ်တတ်စင်အောင် လွဲချော်၍ ခွေးရူး ခွေးနှမ်းကဲ့သို့ ကျောင်းများကို အမှန်တကယ်ပင် ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်လာသည်။ ဆရာ၊ ဆရာမများကို လုပ်ကြံသတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့ကြသည်။ မြန်မာ့သမိုင်းတွင် တခါဖူးမှ မကြားခဲ့၊ မမြင်ခဲ့ရသော အကြမ်းဖက်လုပ်ရပ်များကို NLD အစွန်းရောက် အကြမ်းဖက်ပါတီမှ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများသည် ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုသည့် စိတ်ယုတ်မာများဖြင့် အဟုတ်တကယ် ရက်စက် ယုတ်မာခဲ့ကြသည်။


ထိုကဲ့သို့သော ကိုယ်ကျိုးရှာနိုင်ငံရေးသမား သူယုတ်မာများက အပြောမဟုတ်၊ လက်တွေ့ကျကျ လုပ်ကြံသတ်ဖြတ်နေသော ကာလတွင် အသက်ကိုပင် ပဓာနမထားဘဲ မိမိတို့၏ အနာဂတ်ရင်သွေးငယ်များ၏ ပညာရေးအတွက် အလေးထား ဆောင်ရွက်ပေးခဲ့ကြသော ဆရာ/ ဆရာမများကိုမှ ဦးမညွတ်လျှင် ဘယ်သူကို ဦးညွှတ်မည်နည်း။ လက်နက်ဆိုလျှင် အပ်တိုတချောင်းပင် မပါဘဲ အမေရိကန်ထုတ်သေနတ်များ ကိုင်ဆောင်ထားသည့် NLD အစွန်းရောက် အကြမ်းဖက်သမား၏ ယုတ်မာရက်စက်ရမ်းကားမှုများကို အံတုရင်ဆိုင်ကာ ပညာအမွေပေးခဲ့ကြသည့် ဆရာ/ ဆရာမအားလုံးကို (နီပိန်း CDM ဆရာမများမပါ) ဦးညွှတ်ပါ၏။ NLD အစွန်းရောက် အကြမ်းဖက် ကိုယ်ကျိုးရှာနိုင်ငံရေးသမားများ၏ ဝါဒဖြန့်လှုံ့ဆော်မှု၊ ၎င်းတို့ကို ထောက်ခံသော နီပိန်း အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသော ရန်ကုန်မြို့ပေါ်မှ ဆရာမကြီး ဒေါ်လှလှသန်း အပါအဝင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော ဆရာ၊ ဆရာမအပေါင်းကို ထာဝရဦးညွှတ် ဂုဏ်ပြုပါ၏။

ယခု ရက်ပိုင်းအတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ သတင်းများကို ကျွန်တော်တို့၏ သတင်းအေဂျင်စီအနေဖြင့်လည်း လက်လှမ်းမီသမျှ ဖော်ပြပေးလျှက်ရှိသည်။ မမြင်ရသည်မှာ ကြာမြင့်ပြီဖြစ်သော အဖြူအစိမ်းဝတ်စုံဖြင့် တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲ ဖြေဆိုနေကြသည့် မြင်ကွင်းများ ဖြစ်သည်။ စာရေးသူတို့ ၉တန်း၊ ၁၀ တန်း ၂၀၀၅၊ ၂၀၀၆ ကာလကို အမှတ်ရမိသည်။ ငယ်ဘဝကို မြင်ယောင်မိသည်။ ကျွန်တော်တို့ အခြေခံပညာပြီးဆုံးသည့် ကာလသည် တပ်မတော်စိုးရလက်ထက်ပင်ဖြစ်သည်။ မည်သူကမျှ စစ်ကျွန်ပညာရေးဟု ခေါင်းစဉ်တပ်၍ နှောက်ယှက်ခြင်းမရှိ။ ကျောင်းမတက်နဲ့ ကျောင်းထွက်နဲ့ ဟု လှုံ့ဆော်သူမရှိ။ ကျောင်းမတက်ချင်၍ ဖန်တီးပြီး ကျောင်းပြေးကြရသည်။

ယနေ့ စာသင်ပေးနေသည့် ဆရာ၊ ဆရာမများကို လုပ်ကြံသတ်ဖြတ်နေသူများ၊ ကျောင်းတက်နေသည့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းမတက်ရန် လှုံ့ဆော်နေသည့် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားအများစုသည် တပ်မတော်အစိုးရလက်ထက်တွင် ဆယ်တန်းအောင်၊ ဘွဲ့ရ၊ ဆရာဝန်ဖြစ်၊ အင်ဂျင်နီယာဖြစ်ခဲ့ကြသူ အများစုဖြစ်သည်။ ၎င်းတို့ကိုယ်တိုင် တပ်မတော်အစိုးရလက်ထက်က ပညာကို အဘယ်ကြောင့် သင်ယူခဲ့ကြသနည်း။ အဘယ်ကြောင့် စစ်ကျွန်ပညာရေး ဟု ခေါင်းစဉ်တပ်၍ မဆန့်ကျင်ခဲ့ကြသနည်း။ ထူးဆန်းလှပေစွ။

ထိုသို့သော သဘောမှန်ကို ကျွန်တော်၏ ညီတစ်ယောက်အား ရှင်းပြဖူးသည်။ ညီလေး လှုံ့ဆော်တာတွေ အဟုတ်မထင်နဲ့။ သူတို့ကိုယ်တိုင် တပ်မတော်အစိုးရလက်ထက်မှာ ကျောင်းတက်ခဲ့ကြသူတွေဖြစ်တယ်။ ဗိုလ်ချုပ်တို့တောင်မှပဲ အင်္ဂလိပ်ကိုလိုနီအစိုးရလက်ထက်မှာ ကျောင်းတက်ခဲ့ကြပြီး အင်္ဂလိပ်ကို ပြန်တော်လှန်ခဲ့တယ်။ တပ်မတော်အရာရှိကြီးတွေ ဖြစ်လာတယ်ဆိုတာကလည်း ဒီအခြေခံပညာကျောင်းကနေ ကျောင်းပြီးမှ ဖြစ်လာကြတာပဲ။ နားဝင်လေမလား။ ၃ဦးလောက် ပြောခဲ့ဖူးသည်။ ကျွန်တော်တို့၏ စကားများသည် ပလီပလာများ မပါသော အမှန်တရားများဖြစ်သော်လည်း ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ၏ ဝါဒမှိုင်းကို တိုးမပေါက်တော့ပေ။ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ၏ ပလီပလာ လုပ်ကြံဖန်တီး ပြောဆိုမှုများကို နားရည်ဝနေကြပြီ။

ထိုသို့ ပြောစရာမလိုဘဲ ကျောင်းတက် စာမေးပွဲ ဖြေဆိုကြသော ကျောင်းသား၊ ကျောင်းသူများကို ကျွန်ုပ်ဦးညွှတ်ပါသည်။ ပညာတတ်မှ လူရာဝင်မည်ကို သူတို့ သိသည်။ ပြောစရာ မလို။ အကြမ်းဖက်သမားများ၏ အန္တရာယ်ရှိနေသည်ကို သိသိနှင့်ပင် ကျောင်းတက်သည်။ စာမေးပွဲဖြေသည်။ ထိုကျောင်းသား လူငယ်များသည် အနာဂတ်တွင် ခေါင်းဆောင်ကောင်းများ ဖြစ်လာမည်မှာ မလွဲဧကန်ဖြစ်သည်။ သူတို့သည် သူတပါးကို လုပ်ကြံသတ်ဖြတ်လိုစိတ် မရှိ။ အကြမ်းဖက်သမားစိတ် မရှိ။ အပ်တိုတချောင်း မကိုင်ဘဲ အကြမ်းဖက်သမားကို ဆန့်ကျင်ဝံ့သူများ ဖြစ်သည်။ ထိုကျောင်သားလူငယ်တို့၏ သတ္တိကား သမာန်သတ္တိမျိုးမဟုတ်။ ရဲရင့်၊ ထက်မြတ်၊ အကြမ်းမဖက်သော သတ္တိမျိုး ဖြစ်သည်။

ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ကျောင်းတက်နေကြသော လူငယ်များနှင့် ကိုယ်ကျိုးရှာနိုင်ငံရေးသမားများ၏ ပလီပလာ လုပ်ကြံဖန်တီးပြီး ဝါဒဖြန့်ပြောဆိုသမျှကို နားယောင်နေသော လူငယ်များ ဘယ်အချိန်တွင် သိသိသာသာ ကွာခြားလာမည်နည်း။ တိုင်းရေးပြည်ရာကို ရင်ဘောင်တန်း ဆောင်ရွက်ရမည့်အချိန်တွင် သိသိသာသာ ကွားခြားနေပေလိမ့်မည်။ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ၏ နီပိန်းမှိုင်းမိနေသော လူငယ်များသည် ယနေ့မျက်မှောက် တိုင်းပြည်ပျက်သုဉ်းရေးကို ဆောင်ရွက်နေသူများကဲ့သို့ပင် တိုင်းဖျက်ပြည်ဖျက်မည့် မိစ္ဆာလေးများ ဖြစ်လာလိမ့်မည်။ နီပိန်းမျိုးဆက်၊ မိစ္ဆာမျိုးဆက်ကို လက်ဆင့်ကမ်း ကြပေလိမ့်မည်။ ပညာကို အပတ်တကုတ် ကြိုးစားသင်ယူနေသူများသည် တိုင်းရေးပြည်ရာကို ဆောင်ရွက်ရသည့်အခါတွင် မျိုးချစ်စိတ်အပြည့်အဝဖြင့် တိုင်းပြည်ကို အကျိုးပြုနိုင်ပေလိမ့်မည်။ 

လွန်ခဲ့သည့် NLD ပါတီက တိုင်းပြည်ကို ဦးဆောင်ခဲ့သည့် ငါးနှစ်တာကာလကို ပြန်လည်ဆန်းစစ်လေ့လာမည်ဆိုလျှင် အာဏာမရခင်ကတော့ တကယ့်ပညာတတ်ကြီးတွေက ဦးဆောင်တော့မှာလိုလို တပ်မတော်သားတွေကပဲ ပညာမဲ့နေသလိုလို လုပ်ကြံဖန်တီး ပြောဆို၍ မဲဆွယ်စည်းရုံးခဲ့ကြသည်။ တကယ်တန်း အာဏာရ (အုပ်ချုပ်ခွင့်ရ)သည့်အခါ လေးတန်းမအောင်တဲ့ လွှတ်တော်အမတ် ပေါ်ထွက်လာခဲ့သည်။ ဘွဲ့မရသည့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယနှစ် ပြန်တက်နေသည့် လူမှုရေးဝန်ကြီးလည်း ရှိသည်။ ရှက်ဖွယ်ကောင်းပေစွ။ ပညာတတ်၊ ပညာရှင်ကြီးများဖြင့် တိုင်းပြည်ကို ဦးဆောင်မည်ဆိုသူများက တိုင်းတပါးသား အကြံပေးများငှား၍ တိုင်းတပါးသားအကြံပေးများ ခိုင်းစေသည့်အတိုင်း မဲလိမ် မဲခိုးခြင်းအမှုကို ပြုသောကြောင့် အာဏာလက်မဲ့ဖြစ်ရသည့် အခြေအနေသို့ ဆိုက်ရောက်ရလေသည်။ တပ်မတော်တွင် ဗိုလ်ကြီး၊ ဗိုလ်မှူးမှ အစ အထက်အရာရှိ အဆင့်ဆင့်သည် ညီငယ်လေးများကဲ့သို့ ဆယ်တန်း(တက္ကသိုလ်ဝင်တန်း)အောင် စစ်တက္ကသိုလ်တက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အလုံးစုံကို စနစ်တကျ သင်ကြားထားသူများ ဖြစ်သည်ကို နီပိန်း ညီငယ်လေးများလည်း သိရှိနားလည်သင့်သည်။ 

အမှန်တရားကို နားလည်လက်ခံနိုင်သော စွမ်းရည်ရှိကြရပေမည်။ အမှန်တရားကို နားလည်လက်ခံနိုင်ခြင်းမရှိ၊ လုပ်ကြံဖန်တီး ပြောဆိုသမျှ အဟုတ်ထင်နေသမျှ လမ်းလွဲနေကြမည်ဖြစ်သည်။ နီပိန်းမှိုင်းမိနေသူများသည့် လူငယ်များသည် ယနေ့မျက်မှောက် တိုင်းပြည်အလုံးစုံပျက်သုဉ်းရေးအတွက် တိုင်းတပါးက ပေးသော လက်နက်၊ ငွေကြေး အထောက်အပံ့ဖြင့် ပြည်သူကို အကြမ်းဖက်သမားများအဖြစ် အသုံးချကာ တိုင်းဖျက်ပြည်ဖျက် လုပ်နေသော ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများကဲ့သို့ သူယုတ်မာလေးများ ဖြစ်လာကြပေလိမ့်မည်။ ယနေ့ ကျောင်းတက်နေကြသော လူငယ်များသည် လမ်းလွဲကို မလိုက်သည့် ရဲရင့်၊ ထက်မြတ်သည့် လူငယ်များဖြစ်သည်။ ဆက်လက်၍ တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် အစွမ်းကုန်အကျိုးပြုနိုင်မည့် လူငယ်များဖြစ်အောင် ကြိုးစားကြရပေလိမ့်မည်။ လမ်းလွဲကို မလိုက် အကြမ်းဖက်အန္တရာယ်ကို အံတုရင်ဆိုင်၍ လှမ်းမှန်ကို ရဲရဲဝံ့ဝံ့ လျှောက်လှမ်းဝံ့သည့် သတ္တိရှိသော လူငယ်များကို ထာဝရ ဦးညွှတ်ပါ၏။ 

အကြမ်းဖက်အန္တရာယ်များကို အံတုရင်ဆိုင်၍ ကျောင်းထားခဲ့ကြသော ကျောင်းသားမိဘအပေါင်းကိုလည်းကောင်း၊ အကြမ်းဖက်အန္တရာယ်ကို မမှု အသက်ကိုပင်စတေး၍ ပညာအမွေပေးခဲ့ကြသော ဆရာ၊ ဆရာအပေါင်းကိုလည်းကောင်း၊ အကြမ်းဖက်အန္တရာယ်ကို မကြောက် လမ်းမှန်ကို ရဲရဲဝံ့ဝံ့လျှောက်လှမ်းခဲ့ကြသော တက္ကသိုလ်ဝင်တန်း ဖြေဆိုလျှက် ရှိကြသော ကျောင်းသား၊ ကျောင်းသူအပေါင်းကိုလည်းကောင်း ကဗျည်းမော်ကွန်းတင်ရမည့် သူရဲကောင်းများအဖြစ် ဂုဏ်ပြုပါသည်။ NLD အစွန်းရောက် ကိုယ်ကျိုးရှာနိုင်ငံရေးသမားများ၏ အကြမ်းဖက်ဝါဒ အမြန်ဆုံးချုပ်ငြိမ်းပါစေဟုလည်း အကြိမ်ကြိမ် ဆန္ဒပြုပါသည်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)