တောင်ငူပညာရေး ဒီဂရီကောလိပ်၌ ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း (၁/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူပညာရေး ဒီဂရီကောလိပ်၌ ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း (၁/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲ ကျင်းပ


MNP - ဧပြီ   ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူပညာရေး ဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့ စာပေးစာယူပထမနှစ်သင်တန်း (၁/၂၀၂၂)  သင်တန်း သား၊ သင်တန်းသူများအား ကြိုဆိုပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က အဆိုပါ ကောလိပ်ရှိ မြတ်ပညာခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ကြိုဆိုပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဝင်းအောင်က  အဖွင့်အမှာစကားပြောကြားပြီး ဆရာအတတ် ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးဖြူဇင်က ဆက်လက်အမှာစကားပြောကြားသည်။ ယင်းနောက် တောင်ငူပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းမြင့်က သင်တန်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းပြောကြားသည်။

အဆိုပါ ပညာရေးဘွဲ့စာပေးစာယူ ပထမနှစ်သင်တန်း (၁/၂၀၂၂) ကို     သင်တန်းသား (၃၅)ဦး၊ သင်တန်းသူ (၃၆၆)  ဦး  စုစုပေါင်း ၄၀၁ ဦး တက်ရောက်ခဲ့ပြီး သင်တန်းအား ဧပြီလ ၂၀ ရက်နေ့မှ မေလ ၂၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းကြိုဆိုပွဲခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဆရာအတတ်ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊  တောင်ငူ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းမြင့်နှင့် တာဝန်ရှိသူများ၊ သင်တန်းသူ သင်တန်းသားများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

သတင်း - ဇော်ထက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)