ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး လက်မှတ်ရှိ/မရှိ စစ်ဆေးခြင်း နှင့် အထိုင်ချစနစ်ဖြင့် ကာကွယ်ဆေးထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး လက်မှတ်ရှိ/မရှိ စစ်ဆေးခြင်း နှင့် အထိုင်ချစနစ်ဖြင့် ကာကွယ်ဆေးထိုးနှံ





MNP - ဧပြီ    ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးလက်မှတ်များစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယ‌နေ့နံနက်ပိုင်းက စစ်တောင်းတံတားထိပ်မြို့အဝင်ဂိတ်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးလက်မှတ်များ စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ထန်းတပင်မြို့နယ်အတွင်းသို့ ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များမှလူမျိုး၊ ဘာသာမရွေး ခရီးသွားလာသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးလက်မှတ် ရှိ/မရှိစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးမထိုးနှံရသေး သောခရီးသွားပြည်သူများအား ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ခြင်းဖြင့်ခရီးသွားလာကြမည့် ပြည်သူများအနေဖြင့် ကာကွယ်ဆေးထိုးနှံပြီးပါက ဆေးထိုးလက်မှတ်များကိုယူဆောင်လာကြရန်နှင့် ကာကွယ်ဆေးမထိုးနှံရသေးသူများကိုလည်း ကာကွယ်ဆေးထိုးနှံကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)