အိမ်မဲမြို့နယ် ဂုံညင်းတန်းကျေးရွာတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ရိတ်သိမ်းခြွေလှေ့ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ် ဂုံညင်းတန်းကျေးရွာတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ရိတ်သိမ်းခြွေလှေ့ပွဲ ကျင်းပ



MNP -  ဧပြီ   ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဂုံညင်းတန်းကျေးရွာ စိုက်ပျိုးရေးခြံတွင် ဧက ၃၀ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ရိတ်သိမ်းခြွေလှေ့ပွဲကို ယမန်နေ့နံနက် ၁၁ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လယ်ယာစိုက်ပျိုးမြေများတွင် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်စိုက်ပျိုးခြင်းဖြင့် အချိန်တို ကာလအတွင်း သစ်စိမ်းမြေသြဇာ၊ ဇီဝမြေသြဇာနှင့် သစ်ဆွေးဓာတ်များ ရရှိနိုင်၍ လယ်ယာမြေ အတွင်းရှိ ပေါင်းပင်များကို နှိမ်နင်းနိုင်ပြီး အကျိုးပြု အနုဇီဝပိုးများ၊ မြေဆီလွှာအတွင်းရှိ အကျိုးပြု သက်ရှိများကိုလည်း အသက်ရှင် တိုးပွားစေနိုင်ကြောင်း၊  ပိုက်ဆံလျှော် သီးနှံ စိုက်ပျိူးရာတွင် ရာသီဥတုအခြေအနေပေးပါက တစ်ဧကလျင် သစ်စိမ်းမြေသြဇာ (၅)တန်မှ (၇)တန်အထိ ရရှိနိုင်ပြီး ပုလဲဓာတ်မြေသြဇာ(၂)အိတ်နှင့် ညီမျှသော နိုက်ထရိုဂျင်ဓာတ်များ ရရှိနိုင်ကြောင်း၊ ဓာတ်မြေသြဇာသုံးစွဲမှုအား လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့် ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ် ကိုလည်း ထိန်းညှိပေးသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းနှင့် ပိုက်ဆံလျှော်သီးနှံ စိုက်ပျိုးခြင်း အကျိုးကျေးဇူးများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးတင်မောင်ဦးက တောင်သူများအား အသိပညာပေးပြောကြား၍ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ကို ရိတ်သိမ်း ခြွေလှေ့ခဲ့ကြောင်း သိရသည်။

သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ရိတ်သိမ်းခြွေလှေ့ရာတွင် ဧက ၃၀ ရိတ်သိမ်းရာ ၁ ဧကလျှင် ၁၀.၁၅တင်းနှုန်းထွက်ရှိကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်ကြဲပက်စိုက်ပျိုးပွဲသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် အဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် မြေ၊ မျိုး၊ ပိုး တာဝန်ခံများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - ချစ်သက်လယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)