သံတွဲခရိုင်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းလုပ်ငန်းများ တာဝန်ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းလုပ်ငန်းများ တာဝန်ပေးအပ်ပွဲကျင်းပ




MNP - ဧပြီ   ၃၀

သံတွဲခရိုင်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းလုပ်ငန်းများ တာဝန်ပေးအပ်ပွဲ အခမ်း အနားကို ယနေ့ မွန်းလွဲ ၁ နာရီက သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။

ရှေးဦးစွာ ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြားသည်။ ထိုသို့ပြောကြားရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၂၂၀)ပါ ပြဌာန်းချက်များနှင့်အညီ ပြည်ထောင်စုအစိုးရသည် စီးပွါးရေးမူဝါဒ များကို ချမှတ်ထားပြီး ယင်းမူဝါဒနှင့် အညီ လိုအပ်သော စီမံကိန်းများကို ရေးဆွဲပြီး နှစ်တို၊ နှစ်လတ်၊ နှစ်ရှည်စီမံကိန်းများကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ် ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်စဉ် ဒေသန္တရစီမံကိန်းရည်မှန်းချက် လုပ်ငန်းစဉ်နှင့် မျှော်မှန်းချက်များဖြစ်သည့် “ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများငြိမ်းချမ်း၍ သာယာဝပြောပြီး အားလုံးပါဝင်နိုင်သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုဆီသို့” နှင့် ရည်မှန်းချက်ဖြစ်သည့်  “ရခိုင်ပြည်နယ် အတွင်းရှိ စိုက်ပျိုးရေးမွေးမြူရေးကို အခြေခံသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော စီးပွားရေး နှင့် ပြည်သူအားလုံး ရရှိခံစားနိုင်စေရန်” ဟူသော ဆောင်ပုဒ်များနှင့် အညီ ပြည်ထောင်စု  အခွန် အကောက်ဥပဒေ၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း၊ တင်ဒါလုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ စနစ်တကျ အကောင်အထည်  ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအနေဖြင့် အဆင့်လိုက် အဆင့်လိုက် ကြီးကြပ်ပေးဖို့ လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ ခရိုင်စီမံကိန်း ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လှိုင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ နှစ်စဉ်ရည်မှန်းချက် အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ နှစ်စဉ်စီမံကိန်း ရည်မှန်းချက်များကို မြို့နယ်အလိုက် တာဝန်များကို ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က ပေးအပ်ရာ သံတွဲမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တောင်ကုတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က လက်ခံရယူကြပြီး ဂွမြို့၏ နှစ်စဉ်စီမံကိန်း ရည်မှန်းချက်များကို ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူးက ပေးအပ်ရာ ဂွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူခဲ့ကြပြီး ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

သံတွဲခရိုင်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ နှစ်စဉ် စီမံကိန်းရည်မှန်းချက်များအနေဖြင့် သံတွဲမြို့နယ်တွင် လုပ်ငန်း (၁၃၉) ခု ခွင့်ပြုငွေကျပ်သန်း (၉၀၇၀.၄၆၅)သန်း၊ တောင်ကုတ်မြို့နယ်တွင် လုပ်ငန်း(၁၀၁)ခု၊ ခွင့်ပြုငွေကျပ်သန်း (၁၀၀၀၂.၄၁၈) သန်းနှင့် ဂွမြို့နယ်တွင် လုပ်ငန်း (၇၀)ခု၊ ခွင့်ပြုငွေကျပ်သန်း (၈၈၆၁.၉၉၄) သန်းဖြစ်ပြီး ခရိုင်ချုပ် အနေဖြင့် လုပ်ငန်း    (၃၁၀)ခု၊ ခွင့်ပြုငွေကျပ်သန်း (၂၇၉၃၄.၈၇၇)သန်းဖြင့် အကောင်အထည် ဆောင်ရွက်ရမည့် စီမံကိန်းတာဝန်များဖြစ်ကြောင်း ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူးထံမှ သိရသည်။         

သတင်း - သန့်ဇင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)