သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ခြင်း အခမ်းအနားကျင်းပ




MNP - ဧပြီ   ၂၉


ပုသိမ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ တောင်သူဦးသက်နိုင်၏ လယ်မြေတွင် မြေဆီလွှာများဖွံဖြိုး တိုးတက်စေရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ပေး အပ်ပွဲနှင့်ကြဲပက်ခြင်း များကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ သစ်စိမ်းမြေသြဇာ မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ပွဲကို တောင်သူ ဦးသက်ခိုင်၏ ကွင်းအမှတ်(၈၅)/က၊ ဦးပိုင်(၈၇)တွင် ပြုလုပ်ခဲ့ကြသည်။


အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊  တိုင်းဒေသကြီး ဦးစီးမှူး ဦးစိန်မောင်မြင့်က တောင်သူများအား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ (၄၅)ဧကစာအတွက် တစ်ဧကလျှင် (၄)ပြည်နှုန်းပေး အပ်ခဲ့ပြီး သစ်စိမ်းမြေသြဇာ ကြဲပက်ရခြင်း၏ အကျိုးကျေးဇူးနှင့် ရည်ရွယ်ချက်များဖြစ်သည့် မြေဆီလွှာ များ ဖွံဖြိုးတိုးတက်ရေးအတွက် မြေပြုပြင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ တောင်သူများနှင့် တက်ရောက်လာကြသူများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် တောင်သူ ဦးသက်ခိုင်၏ သစ်စိမ်းမြေသြဇာစံပြကွက်ဧက (၂၀)အတွက် ပိုက်ဆံလျှော်မျိုးစေ့များကို စုပေါင်း ကြဲပက်ခဲ့ကြသည်။


အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းစိုး၊ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဦးဖြိုးဝေသန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မင်းမင်း၊ အတွင်းရေးမှူး ရဲမှူး ဦးတင်လှိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာမျာမှ အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသော တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်း - မြင့်ဟန်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)