လှည်းကူးမြို့နယ်၊ ကျောက်ကုဒင်ကျေးရွာအုပ်စုတွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မထိုးရသေးသော ပြည်သူများအား ကာကွယ်ဆေးကွင်းဆင်းထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ်၊ ကျောက်ကုဒင်ကျေးရွာအုပ်စုတွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မထိုးရသေးသော ပြည်သူများအား ကာကွယ်ဆေးကွင်းဆင်းထိုးနှံပေး

 


MNP -  ဧပြီ   ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ကျောက်ကုဒင်ကျေးရွာ အုပ်စုတွင်ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၅)နှစ်မှ(၁၈)နှစ်အတွင်း ပြည်သူ များနှင့်အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများတို့အားပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းကို ဦးစားပေးအစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး Mobileအစီအစဉ် ဖြင့်ဆက်လက်ထိုးနှံပေးလျက်ရှိရာယနေ့ နံနက် (၉)နာရီက အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ကျောက်ကုဒင် ကျေးရွာအုပ်စုတွင်ကွင်းဆင်းထိုးနှံ   ပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေး ဝန်ထမ်းများလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေး ဝန်ထမ်းများက လည်းကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

သတင်း - အေးအေးနွဲ့

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)