ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကင်းစင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း ကတ်ပြားရှိမရှိစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကင်းစင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း ကတ်ပြားရှိမရှိစစ်ဆေး

 



MNP - ဧပြီ    ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကင်းစင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း ကတ်ပြားရှိမရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၇.၀၀ နာရီအချိန်က ပန်းတောင်းမြို့မဈေးတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပန်းတောင်းမြို့မဈေးအတွင်း ဈေးသည်များ/ဈေးဝယ်သူများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးတာဝန်ရှိသူများမှ စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ကျန်းမာရေးအသိပညာခြင်း ခရီးသွားလာသူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း ကတ်ပြားပါမပါစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး ဆေးထိုးပြီး ကတ်မပါသူများကို ယူဆောင်၍ သွားလာကြရန် သတိပေးခဲ့ကြောင်း သိရသည်။

သတင်း - သင်းသင်းအေး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)