ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူဦးရေ ရာနှုန်းပြည့် ထိုးနှံပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူဦးရေ ရာနှုန်းပြည့် ထိုးနှံပြီးစီး



MNP - ဧပြီ   ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို မြို့ပေါ်ဆေးထိုးစုရပ်များပြင် Mobile နယ်လှည့်ဆေးထိုးအဖွဲ့များဖြင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြရာ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူဦးရေအားလုံး ထိုးနှံပြီးစီးခဲ့ပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ရပ်စောက်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးရန်အကျုံးဝင်သူဦးရေ (၁၀၂၇၇၇)ဦးရှိသည့်အနက် ယခုလ (၂၄)ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးစီးသူဦးရေ (၉၉၇၆၄)ဦးရှိခဲ့ပြီး ဆေးထိုးရန်အကျုံးဝင်သည့် စာရင်းရှိသော်လည်း မြို့နယ်အတွင်း လူနေထိုင်ခြင်းမရှိသူများ၊ နာတာရှည်ရောဂါရှိသူများ အစရှိသည့် လူဦးရေ (၃၁၆၃)ဦးသာ ကျန်ရှိသဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်မှု (၁၀၀)ရာခိုင်နှုန်းပြည့်မီခဲ့ပြီ ဖြစ်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း ကာကွယ်ဆေးထိုးနှံပေးနိုင်မှုရာနှုန်းပြည့် လွှမ်းခြုံနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်လမ်းညွှန်မှု၊ မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ မြို့တွင်းဆေးထိုးစုရပ်များအပြင် မြို့အဝင်နေရာများတွင် စစ်ဆေးရေးဂိတ်များဖွင့်လှစ်စစ်ဆေး၍ ဆေးထိုးနှံပေးခြင်း၊ ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြရာ ယခုအခါတွင် ရာနှုန်းပြည့်ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

သတင်း - ရဲထက်ဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)