လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန၌ ရှေးဦးသူနာပြုစုခြင်း သင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန၌ ရှေးဦးသူနာပြုစုခြင်း သင်တန်း ဖွင့်လှစ်




MNP - ဧပြီ   ၂၅ 

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန၊ သင်တန်းခန်းမ၌ ရှေးဦးသူနာ ပြုစုခြင်းသင်တန်းကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ သည်။

အဆိုပါ ရှေးဦးသူနာပြုစုခြင်းသင်တန်းကို လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လားရှိုးမြို့နယ် အခြေခံပညာဦးစီးဌာန၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ တို့ပူးပေါင်းဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။

သင်တန်းဖွင့်ပွဲအခမ်းအနား၌ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာနအနေဖြင့် အများပြည်သူအတွက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပြီး လားရှိုးမြို့နယ်ပညာရေးမှူးရုံး (တာဝန်ခံ) ဦးချစ်သန်းညွန့်က ရှေးဦးသူနာပြုစုခြင်းသင်တန်းတက်ရောက်စေခြင်းဖြင့် အခြေခံ ပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများကျောင်း၌ အရေးပေါ် ထိခိုက်ဒဏ်ရာများ ရရှိလာပါက ဆရာ၊ဆရာမများအနေဖြင့် ရှေးဦးသူနာပြုစုခြင်းသင်တန်း တက်ရောက်ထားရှိမှု ကြောင့် ရှေးဦးစွာ ဒဏ်ရာရှိသူများ၊ အသက်အန္တရာယ်ဖြစ်ပေါ်နိုင်သည့် အရေးပေါ်အခြေအနေ များကို ပြုစုပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ရှေးဦးသူနာပြုစုခြင်းသင်တန်းသို့ လားရှိုးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်းပြ ဆရာ၊ဆရာမများ (၂၀)ဦးတက်ရောက်ခဲ့ကြပြီး လားရှိုးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ဒုတပ်ခွဲမှူး ဇွဲထက်အောင်က စာတွေ့ပို့ချခြင်း၊ လက်တွေ့ ပို့ချခြင်းမျာကို ဧပြီ(၂၅)ရက်မှဧပြီ(၂၇)ရက်နေ့အထိ နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၄)နာရီ အချိန်အထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - ဟန်ဌေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)