မိုင်းယုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံ



MNP - ဧပြီ  ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၌ ပထမအကြိမ် ထိုးနှံပြီးစီးသော ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့မရပ်ကွက်၌ စုရပ်ထားရှိပြီး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဦးတည်အုပ်စုအလိုက် ပထမအကြိမ်ထိုးနှံပြီးစီးသော မိုင်းယုမြို့မရပ်ကွက်မှ ပြည်သူ ၃၉ ဦး၊ မိုင်းလွေကျေးရွာအုပ်စုမှ ၁၄ ဦး၊ ဒွန်းနွဲ့ကျေးရွာ အုပ်စုမှ ၂ ဦးနှင့် တာကြန့်ကျေးရွာအုပ်စုမှ ၅၅ ဦး စုစုပေါင်းပြည်သူ ၁၁၀ ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးခဲ့ကြသည်။

ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးနှင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးပြီး ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးခဲ့ကာ ရပ်/ကျေးစာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံမှု ကျန်ရှိမနေစေအောင် တစ်ဦးချင်းအလိုက် မှတ်တမ်းရေးသွင်းခဲ့ကြောင်း သိရသည်။

သတင်း - အားချာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)