သာပေါင်းမြို့နယ်တွင် ရာနှုန်းပြည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ကျေးရွာများ အရောက် လိုက်လံစိစစ်ကြပ်မတ်၍ ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်တွင် ရာနှုန်းပြည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ကျေးရွာများ အရောက် လိုက်လံစိစစ်ကြပ်မတ်၍ ဆေးထိုးနှံပေး

 


MNP -  ဧပြီ   ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လှေကြီးတတ်ကျေးရွာအုပ်စု၊ ဒိုးစမ်းကုန်းကျေးရွာ၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ မီးသွေးတိုက်ကျေးရွာအုပ်စု၊ သဲဖြူ ကျေးရွာအုပ်စုတို့တွင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်မှလွဲ၍ ဆေးထိုးရန် ကျန်ရှိသည့် အသက် (၁၈)နှစ်အထက် ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက ကျေးရွာများအရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေး အသင်းအဖွဲ့များ ပါဝင်သော ကြီးကြပ်ရေးအဖွဲ့များမှ ကျေးရွာများ အရောက် ဆေးထိုးစုရပ်ပြု၍ နေ့စဉ် ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီ အချိန်က စတင်ကာ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ကျ ဌာနဆိုင်ရာများမှ ကျေးရွာများအရောက် လှည်လည်ကြည့်ရှု အားပေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ပေးကြရာ လှေကြီးတတ်ကျေးရွာအုပ်စု၊ ဒိုးစမ်းကုန်း ကျေးရွာတွင် အမျိုးသား(၁၄)ဦး၊ အမျိုးသမီး(၁၉)ဦး ပေါင်း(၃၃)ဦး၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာ အုပ်စုတွင် အမျိုးသား(၆၃)ဦး၊ အမျိုးသမီး(၄၇)ဦး ပေါင်း(၁၁၀)ဦး၊ မီးသွေးတိုက်ကျေးရွာ အုပ်စုတွင် အမျိုးသား(၁၆)၊ အမျိုးသမီး(၆)ဦး ပေါင်း(၂၂)ဦး၊ သဲဖြူကျေးရွာတွင် စုစုပေါင်း (၉၉)ဦး တို့ကို ဆေးထိုးစုရပ်ပြုလုပ်၍ အကြောင်းအမျိုးမျိုးကြောင့် တစ်ကြိမ်တစ်ခါမျှ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့် စုစုပေါင်းပြည်သူ (၂၆၄)ဦးတို့ကို ကာကွယ်ဆေးထိုး ထိုးနှံ ပေးနိုင်ခဲ့ကြကြောင်း သိရသည်။

သတင်း - မျိုးဇော်သိန်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)