မိုးကောင်းမြို့၌ အခြေခံအင်္ဂလိပ်စာသင်တန်းပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကောင်းမြို့၌ အခြေခံအင်္ဂလိပ်စာသင်တန်းပို့ချ


MNP - ဧပြီ   ၂၅

မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာကြည့်တိုက် ဖောင်ဒေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံအင်္ဂလိပ်စာသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက မိုးကောင်းလူထုအခြေပြု ဗဟိုဌာနခန်းမတွင် ဖွင့်လှစ်ပို့ချကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နီနီလွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းသားများ လိုက်နာရမည့် စည်းကမ်းများကို ပြောကြားပြီး သင်တန်းနည်းပြဖြစ်သူ မြို့နယ်စာကြည့်တိုက် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးထွန်းအောင်ကျော် (TAK English 4 Skills Education Centre) က သင်တန်းတွင် ပို့ချမည့် သင်ခန်းစာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

“ဒီအခြေခံအင်္ဂလိပ်စာသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျွန်တော်တို့ မြို့နယ်စာကြည့်တိုက် ဖောင်ဒေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်တာဖြစ်ပြီးတော့ စနစ်သစ် ပညာရေးအတွက် အထောက်အကူဖြစ်စေမယ့် 4skills (အရေးစွမ်းရည်၊ အပြောစွမ်းရည်၊ အဖတ် စွမ်းရည်နှင့် နားထောင်မှုစွမ်းရည်)တို့ကို အခြေခံကောင်းတွေရရှိအောင် စနစ်တကျသင်ကြားသွားမှာ ဖြစ်ပါတယ်” ဟု သင်တန်းနည်းပြ ဦးထွန်းအောင်ကျော်က ပြောသည်။

အဆိုပါ အခြေခံအင်္ဂလိပ်စာသင်တန်းကို အခမဲ့ဖွင့်လှစ်ပို့ချခြင်းဖြစ်သည်။ သင်တန်းတွင် အလယ်တန်းအဆင့် သင်တန်းသား၊ သင်တန်းသူ ၂၅ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ တစ်လတိတိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)