ရုရှားနှင့် “အရေးပေါ်ဆွေးနွေးမှု” လုပ်ဆောင်ရန် ဆန္ဒရှိကြောင်းနှင့် ဂူတာရက်စ်၏ ပါဝင်မှုက ယင်းကိစ္စရပ်များတွင် ထိရောက်သော အခန်းကဏ္ဍမှ ပါဝင်မည်ဟု မျှော်လင့်ကြောင်း ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီး ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားနှင့် “အရေးပေါ်ဆွေးနွေးမှု” လုပ်ဆောင်ရန် ဆန္ဒရှိကြောင်းနှင့် ဂူတာရက်စ်၏ ပါဝင်မှုက ယင်းကိစ္စရပ်များတွင် ထိရောက်သော အခန်းကဏ္ဍမှ ပါဝင်မည်ဟု မျှော်လင့်ကြောင်း ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီး ပြော



ကိဗ်၊ ဧပြီ ၂၉ 

ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးက ဧပြီ ၂၈ ရက်တွင် မြို့တော် ကိဗ်၌ အလည်အပတ်ရောက်ရှိလာသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် တွေ့ဆုံခဲ့ပြီး မာရီယူပိုးလ်ရှိ ဒေသခံများ ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ကုလသမဂ္ဂသည် ဘက်စုံအပစ်အခတ်ရပ်စဲရေးကို တွန်းအားပေးနေစဉ် အသက်ကယ်ဆယ်ရေးအတွက် လက်တွေ့ကျသော အစီအမံများကို ဆက်လက်ကြိုးပမ်းရှာဖွေနေကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။

ဂူတာရက်စ်အနေဖြင့် ယူကရိန်း-ရုရှား ပဋိပက္ခအတွင်း ၎င်း၏ ရပ်တည်ချက်နှင့် အကျပ်အတည်းဖြေလျှော့ရေးအတွက် ညှိနှိုင်းကြိုးပမ်းမှုအတွက် ကျေးဇူးတင်ရှိကြောင်း တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ကျင်းပသောပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ဇယ်လန်းစကီးက ပြောကြားခဲ့သည်။ မာရီယူပိုးလ်ရှိ Azovstal သံ၊ သံမဏိစက်ရုံသည် ဗုံးကြဲတိုက်ခိုက်မှု ဆက်လက်ခံနေရပြီး ယူကရိန်းအနေဖြင့် မာရီယူပိုးလ်ရှိ နေထိုင်သူများ ရွှေ့ပြောင်းရန် ကိစ္စရပ်နှင့်ပတ်သက်၍ ရုရှားနှင့် “အရေးပေါ်ဆွေးနွေးမှု” လုပ်ဆောင်ရန် ဆန္ဒရှိကြောင်းနှင့် ဂူတာရက်စ်၏ ပါဝင်မှုက ယင်းကိစ္စရပ်များတွင် ထိရောက်သော အခန်းကဏ္ဍမှ ပါဝင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂသည် ဘက်စုံအပစ်အခတ်ရပ်စဲရေး တွန်းအားပေးလုပ်ဆောင်ရာတွင် လူသားချင်းစာနာထောက်ထားမှု စင်္ကြံ၏ ထိရောက်မှုကို ထိန်းသိမ်းရေး၊ တစ်စိတ်တစ်ပိုင်း အပစ်အခတ်ရပ်စဲ‌ရေး၊ အရပ်သားများအား စားဝတ်နေရေးထောက်ပံ့ရန်အတွက် လုံခြုံရေးစင်္ကြံဖွင့်လှစ်ပေးခြင်း အပါအဝင် အသက်ကယ်ဆယ်ရေးနှင့် ဒုက္ခခံရမှု လျှော့ချရေးအတွက် လက်တွေ့ကျသော အစီအမံများကို ဆက်လက်ကြိုးပမ်းရှာဖွေနေကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။ ၎င်းအနေဖြင့် ရုရှားသို့ သွားရောက်စဉ် ရုရှားသမ္မတ ဗလာတီမာပူတင်က အခြေခံအားဖြင့် ကုလသမဂ္ဂနှင့် ကြက်ခြေနီအနေဖြင့် Azovstal သံ၊ သံမဏိစက်ရုံရှိ အရပ်သားများ ရွှေ့ပြောင်းရန် ကိစ္စရပ်တွင် ပါဝင်ရန် သဘောတူခဲ့ပြီး သက်ဆိုင်ရာအဖွဲ့များက ယင်းအဆိုပြုချက်ကို အကောင်အထည်ဖော်နိုင်ရန် တိုင်ပင်ဆွေးနွေးနေကြကြောင်း ဂူတာရက်စ်က ဆိုသည်။

ထို့ပြင် ကုလသမဂ္ဂအနေဖြင့် ယူကရိန်းနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ တိုးမြှင့်ပေးရေး၊ ယူကရိန်းတွင် စစ်ပွဲပြီးကာလ ပြန်လည်ထူထောင်ရေးနှင့် ယူကရိန်းဆိပ်ကမ်းများအပေါ် ရုရှားပိတ်ဆို့မှု ဖြေလျှော့ရေး စသည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂသည် ယူကရိန်းနိုင်ငံအတွင်းရှိ ပြည်သူ ၃.၄ သန်းကို လူသားချင်းစာနာ‌ထောက်မှုဆိုင်ရာ အကူအညီပေးအပ်ခဲ့ပြီး သြဂုတ်လတွင် ၈.၇ သန်းအထိ ကူညီပေးနိုင်ရန် စီစဉ်ထားကြောင်း ဂူတာရက်စ်က ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ရုရှား-ယူကရိန်း အကျပ်အတည်း တာဆီးရန်နှင့် ချုပ်ငြိမ်းရန် အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းနှင့် ပဋိပက္ခသည် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်နှင့် နိုင်ငံတကာဥပဒေအရ ငြိမ်းချမ်းရေး ရယူရမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ဂူတာရက်စ်က ဧပြီ ၂၇ ရက်တွင် ရုရှားခရီးစဉ်ပြီးဆုံးခဲ့ပြီး ယူကရိန်းသို့ ရောက်ရှိခဲ့သည်။ ပူတင်က ဧပြီ ၂၆ ရက်တွင် ရုရှားနိုင်ငံမြို့တော် မော်စကို၌ ဂူတာရက်စ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ရုရှားအနေဖြင့် ယူကရိန်းနှင့် စေ့စပ်ညှိနှိုင်းရန်၊ သံတမန်လမ်းကြောင်းမှတဆင့် သဘောတူညီချက်ရရှိရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။


Ref : ဆင်ဟွာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)