၂၀၂၂- ခုနှစ် စူဠဘွဲ့နှင်းသဘင် အောင်မြင်စွာကျင်းပရေး ညှိနှိုင်းအစည်းအဝေးသို့ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇော်တင်မိုးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂- ခုနှစ် စူဠဘွဲ့နှင်းသဘင် အောင်မြင်စွာကျင်းပရေး ညှိနှိုင်းအစည်းအဝေးသို့ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇော်တင်မိုးတက်ရောက်



MNP -  ဧပြီ   ၂၈

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ကျင်းပပြုလုပ်သော ၂၀၂၂- ခုနှစ် စူဠဘွဲ့နှင်းသဘင် အောင်မြင်စွာကျင်းပရေး ညှိနှိုင်းအစည်းအဝေးသို့ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇော်တင်မိုး တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

အစည်းအဝေးတွင် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇော်တင်မိုး က “ ၂၀၂၁- ခုနှစ်၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများတွင် မုံရွာခရိုင်အတွင်းရှိ ကျောင်းတိုက်များမှ ဖြေဆိုအောင်မြင်တော်မူကြသော သံဃာတော်/သီလရှင် ၁၇၈ ပါးအား စာအောင်ဆုနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၂-ခုနှစ်၊ မေလပထမအပတ်တွင် မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ ရွှေစည်းခုံသာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရန် လျာထား ဆောင်ရွက်လျက်ရှိပြီး မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မုံရွာခရိုင် စာအောင်သံဃာတော်နှင့် သီလရှင်များအား စာအောင်ဆုနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ (၂၀၂၂-ခုနှစ်၊ စူဠဘွဲ့နှင်းသဘင်) အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျင်းပရေးဦးစီးကော်မတီ(၁)ခု၊ အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဆပ်ကော်မတီ (၈) ခုအား ဖွဲ့စည်းတာဝန်ပေးထားပါကြောင်းနှင့် တက်ရောက် လာသည့် ခရိုင်/မြိုနယ့်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် မိမိတို့ကျရာ ဆပ်မတီအလိုက် လုပ်ငန်းတာဝန်များကို အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာသော ကျင်းပရေးဉီးစီးကော်မတီအပါအဝင် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေး၊ ဧည့်ခံရေး ဆပ်ကော်မတီ၊ စာအောင်ဆု၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်ရေးနှင့် ဆွမ်းဆန်စိမ်းလောင်းလှူရေး ဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆပ်ကော်မတီ၊ ကျန်းမာရေးလုပ်ငန်းဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေး ဆပ်ကော်မတီ၊ လုံခြုံရေး ဆပ်ကော်မတီတို့မှ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက မိမိတို့၏ လုပ်ငန်းကဏ္ဍများ အလိုက် ဆောင်ရွက်သွားမည့် အစီအမံများကို အသေးစိတ်ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သော အခက်အခဲများနှင့် ကော်မတီအချင်းချင်း ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများအား ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)