အမ်းမြို့နယ်၌ ဆေးထိုးစုရပ်များအလိုက် ကိုဗစ်-၁၉ ကာကွယ် ဆေး (ပထမကြိမ်)၊ (ဒုတိယကြိမ်)နှင့် (တတိယကြိမ်)ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ ဆေးထိုးစုရပ်များအလိုက် ကိုဗစ်-၁၉ ကာကွယ် ဆေး (ပထမကြိမ်)၊ (ဒုတိယကြိမ်)နှင့် (တတိယကြိမ်)ထိုးနှံပေး







MNP ၊ ဧပြီ ၂၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊အမ်းမြို့နယ်၌  ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်ပြည့်နှံနိုင်ရေးအတွက်ကာကွယ်ဆေးထိုးနှံပေးခြင်းကို အမ်းမြို့ ပေါ်ရပ်ကွက်နှင့်တပ်တောင်မြို့တို့တွင်ဆေးထိုးစုရပ်များအလိုက် (ပထမကြိမ်)၊ (ဒုတိယကြိမ်) နှင့် (တတိယကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများကို ယနေ့နံနက်(၉)နာရီက ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ် ဆေးထိုးနှံရာတွင် အမ်းမြို့နှင့် တပ်တောင်မြို့ကျန်းမာရေးဌာနမှ ဆရာမများက ကာကွယ်ဆေးထိုးနှံပြီးသူများအား (ဒုတိ ယကြိမ်)၊အဖြစ် အိန္ဒိယနိုင်ငံထုတ်  Covaxin ကိုဗစ်ကာ ကွယ်ဆေး ထိုးနှံပေးခဲ့သည်။ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများအား(ပထမကြိမ်)အ ဖြစ် ထိုင်းနိုင်ငံထုတ် Astrazeneca  ကိုဗစ်-၁၉ ကာကွယ်ဆေးအား  ဆေးတစ်လုံးလျှင်  လူ(၁၀)ဦးနှုန်းဖြင့်  ထိုးနှံပေးခဲ့သည်။

ထိုသို့ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို  မြို့နယ်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)