ချောက်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောက်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုပြီးစီး


MNP - ဧပြီ   ၆

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ (၃၁)ရက်နေ့မှစ၍ မြန်မာတစ်နိုင်ငံလုံးတွင် ကျင်းပလျက် ရှိရာယနေ့ နံနက် (၉) နာရီအချိန်ကစ၍ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ချောက်မြို့နယ်မှ ကျောင်းသား/ကျောင်းသူများ ဖြေဆိုပြီးစီးကြောင်း သိရသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဧပြီလ ၉ ရက်နေ့အထိ ဖြေဆိုကြရမည်ဖြစ်ပြီး ချောက်မြို့နယ်တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ကြီးနီ၊ ဂွေးချို၊ ဂွေးပင်၊ ကြောင်လျာတော၊ ကျောက်ရဲ၊ စလေတို့ရှိ အခြေခံပညာ အထက်တန်းကျောင်းတို့တွင်  စာစစ်ဌာန(၇)ခု ဖွင့်လှစ်ထားရှိရာ ချောက်မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်သူ ကျား(၄၄၂)ဦး၊ မ(၅၇၁)ဦး စုစုပေါင်းကျောင်းသား/သူ(၁၀၁၃) ဦးစာရင်းရှိရာ ဇီဝဗေဒဘာသာရပ်တွင်ဖြေဆိုသူ ကျား(၉၇)ဦး၊ မ(၁၃၄)ဦး စုစုပေါင်း(၂၃၁)ဦး ဝင်ရောက် ဖြေဆို၍၊ ပျက်ကွက် ကျား(၁၅)ဦး၊ မ (၁၀)ဦး စုစုပေါင်း(၂၅)ဦးပျက်ကွက်ပြီး ဖြေဆိုသည့် ရာခိုင်နှုန်း မှာ ၉၀ ဒသမ ၂၃ ရာခိုင်နှုန်းဖြေဆိုကြောင်း၊ ဘောဂဗေဒဘာသာရပ်တွင် ဖြေဆိုသူ ကျား(၂၇၅)ဦး၊ မ(၃၆၉)ဦး စုစုပေါင်း(၆၄၄)ဦး ဝင်ရောက်ဖြေဆို၍၊ ပျက်ကွက် ကျား(၆၆)ဦး၊ မ (၆၅)ဦး စုစုပေါင်း(၁၃၁)ဦးပျက်ကွက်ပြီး ဖြေဆိုသည့် ရာခိုင်နှုန်း မှာ ၈၃ ဒသမ ၁၀ ရာခိုင်နှုန်းဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မနောဖြူလူမှုကူညီရေးအသင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

သတင်း - ကျော်မိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)