လေးမျက်နှာမြို့နယ်တွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) စိုက်ပျိူးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးမျက်နှာမြို့နယ်တွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) စိုက်ပျိူးပွဲကျင်းပ

 




MNP -  ဧပြီ     ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စိုက်ပျိူးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိူးပွဲကို ယနေ့နံနက်ပိုင်းက စာရေးကွင်းကျေးရွာအုပ်စု၊ စာရေးကွင်းကျေးရွာရှိ ကွင်းအမှတ်(၁၂၂၃)၊ ဦးပိုင်အမှတ် (၂၆) တောင်သူဦးဌေးအောင်၏ လယ်ယာမြေ(၃)ဧကတွင် ကျင်းပခဲ့သည်။

သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)စိုက်ပျိူးပွဲသို့ လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲရင့်နောင်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး လေးမျက်နှာမြို့နယ် စိုက်ပျိူးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစောဝင်းရွှေမှ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိူးခြင်းဖြင့် မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးအတွက် လယ်ယာမြေများတွင် အချိန်တို ကာလအတွင်း သစ်စိမ်းမြေသြဇာ၊ ဇီဝမြေသြဇာနှင့် သစ်ဆွေးဓာတ်များရရှိနိုင်ကြောင်း၊ ပိုက်ဆံလျှော်သီးနှံ စိုက်ပျိူးရာတွင် ရာသီဥတုအခြေအနေပေးပါက တစ်ဧကလျင် သစ်စိမ်း မြေသြဇာ(၅.၇)တန်မျှ ရရှိနိုင်ပြီး ပုလဲဓာတ်မြေသြဇာ ၁ အိတ်မှ ၃ အိတ်နှင့် ညီမျှသော နိုက်ထရိုဂျင် ဓာတ်များ ရရှိနိုင်ကြောင်း၊ ပိုက်ဆံလျှော်သီးနှံစိုက်ပျိူးခြင်းဖြင့် လယ်ယာမြေ အတွင်းရှိ ပေါင်းပင်များကို နှိမ်နင်းနိုင်ပြီး အကျိူးပြုဘက်တီးရီးယားများ၊ မြေဆီလွှာအတွင်းရှိ အကျိူးပြုသက်ရှိ များကိုလည်း အသက်ရှင်တိုးပွား စေနိုင်ကြောင်းနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)စိုက်ပျိူးခြင်းဖြင့် ဓာတ်မြေသြဇာသုံးစွဲမှုအား လျှော့ချနိုင်ပြီး သဘာဝ ပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့်ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိူးကျေးဇူးများ ရရှိနိုင်ကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး ပိုက်ဆံလျှော်ကြဲပက်စိုက်ပျိူးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)စိုက်ပျိူးပွဲသို့ လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး ရဲရင့်နောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောဝင်းရွှေနှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျေးရွာအတွင်းရှိ စိတ်ပါဝင်စားသူတောင်သူများ တက်ရောက်အားပေးခဲ့သည်။

သတင်း - ကျော်ဟိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)