ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင် အိန္ဒိယနိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ဆန်နှင့် ဂျုံများ ဖြန့်ဝေပေးနေမှု ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင် အိန္ဒိယနိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ဆန်နှင့် ဂျုံများ ဖြန့်ဝေပေးနေမှု ကြည့်ရှုအားပေး











MNP ၊ ဧပြီ ၂၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်နှင့် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့သည် ဧပြီ ၂၄ ရက် နံနက်ပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ် (ည) ရပ်ကွက်ရှိ ဘုမ္မာ(၁၂)လမ်း သာသနာ့လင်းရောင်ခြည်ဓမ္မာရုံနှင့် မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတို့၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ မိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဆန်နှင့် ဂျုံများကို ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးနေမှုကို ကြည့်ရှုအားပေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးတို့သည် မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးကလေးများ သင်တန်းကျောင်းသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီး က သင်တန်းကျောင်းတိုးတက်ရေး၊ လက်ခံစောင့်ရှောက်ထားသော ကလေး သူငယ်များ ပညာရည်တိုးတက်ရေး၊ နေ့စဉ် နေထိုင်မှုဘဝ အဆင်ပြေချောမွေ့စေရေး တို့အတွက် လိုအပ်ချက်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးကာ အသက်မွေးဝမ်းကြောင်း ပညာရပ်များ သင်ယူနေမှုနှင့် သင်တန်းသူအိပ်ဆောင်၊ ထမင်းစားဆောင်များကို လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်ချက်များကို  ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ယင်းနောက် ဗဟန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန ရန်ကုန်အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်ကျောင်းသို့ ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းသား တိုးတက် ရရှိရေးအတွက် သင်တန်းဖွင့်လှစ်ပေးနေမှုကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ဆောင်ရွက်ရန်နှင့် သင်တန်း နည်းပြများ အနေဖြင့် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသော ပညာရပ်များကို မျက်ခြေမပြတ် မွမ်းမံသင်ယူ၍ ထပ်ဆင့်ဖြန့်ဝေပို့ချနိုင်ရေး ဆောင်ရွက်ရန် မှာကြားပြီး အခြေခံနှင့် အဆင့်မြင့် စက်ချုပ်သင်တန်း ခန်းမဆောင်များ၊ မြန်မာ/တရုတ် အစားအစာ သင်တန်းပို့ချသည့် ခန်းမများနှင့် စံပြရင်သွေးအိမ် မူလတန်းကြိုကျောင်းကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးတို့သည် လူမှုဝန်ထမ်း ဦးစီးဌာန  ရွှေဂုံတိုင်ကလေးပြုစုရေးဌာနသို့ ရောက်ရှိကြပြီး ကလေးများအား ပြုစု စောင့်ရှောက်နိုင်ရေးအတွက် ဝန်ထမ်းအင်အား ဖြည့်တင်းပေးနိုင်ရေး၊ လေဝင်လေထွက်နှင့် အလင်းရောင် ကောင်းမွန်စွာရရှိနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိတွေ့ခံစားနိုင်ရေး ဆောင်ရွက် သွားရမည့်အချက်များကို မှာကြားပြီး ကလေးပြုငယ်များအား ပြုစုစောင့်ရှောက်နေမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုကာ ကလေးငယ်များအား ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)