ပင်းတယမြို့နယ်၌ ဂျင်းအစိုဈေးနှုန်း ကျဆင်းနေပြီး ဂျင်းအခြောက်လှမ်း လုပ်ငန်းဖြင့် မိသားစု အပိုဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်းတယမြို့နယ်၌ ဂျင်းအစိုဈေးနှုန်း ကျဆင်းနေပြီး ဂျင်းအခြောက်လှမ်း လုပ်ငန်းဖြင့် မိသားစု အပိုဝင်ငွေရရှိ



MNP - ဧပြီ   ၂၆

"အရင်နှစ်တွေတုန်းက ဂျင်းအစိုတစ်ပိသာကို ကျပ်( ၈၀၀) ရတယ်။ အခုနှစ်မှာက တစ်ပိသာ ကိုကျပ် ၃၀၀ ကျော်၄၀၀ လောက်ဘဲရတယ်။ ဈေးက အရမ်းနည်းလို့ မိသားစုဝင်ငွေ အခက်အခဲ ဖြစ်တာပေါ့။ ဂျင်းအစိုဈေးမရတော့အခု နေလှမ်းပြီးဂျင်းအခြောက်လုပ်ရောင်းတယ်။ ဂျင်းအစို (၁၀) ပိသာကို ပြုတ်ပြီးနေလှမ်းလိုက်ရင် ဂျင်းခြောက် (၂)ပိသာ လောက်တင်တယ်။ အခြောက်ကျတော့တစ်ပိသာကို  ၂၀၀၀ ကနေ  ၂၅၀၀ ထိ ဈေးရတယ်။ ဂျင်းခြောက်ကနေ ဂျင်းအမှုန့်လုပ်ပြီး တိုင်းရင်းဆေးဝါး ဖော်စပ်ရာမှာလည်း အသုံးပြုကြတယ်။ ဂျင်းအခြောက် လုပ်ရောင်းတာ ပိုအဆင်ပြေတယ်၊ ဝယ်တဲ့သူလဲများတယ်။ ပိုပြီးအရောင်းသွက်တော့မိသားစု အပိုဝင်ငွေရတာပေါ့ " ဟုပင်းတယမြို့နယ်၊  အင်းငယ်ကျေးရွာဂျင်းစိုက်ပျိုး တောင်သူတစ်ဦး ဖြစ်သည့် ဦးသောင်းကပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာ များဖြစ်သည့် အင်းငယ်၊ ဇော်ဂျီ၊ ဖနန်၊ ညောင်ဝန်း၊ ညောင်ကောက်၊ အုံအက်စသည် ကျေးရွာများ၌ ဂျင်းပင်များ အများအပြားစိုက်ပျိုးကြသည်။ ဂျင်းစိုက်ပျိုးရာတွင် မိုးဦးကျ ကာလများတွင်ဂျင်းပျိုးတက်များ စတင်စိုက်ပျိုးပီး ၂ လခန့်အကြာတွင် ဂျင်းတက်ပွားများ ထွက်ရှိလာပြီဖြစ်၍ မူလ ဂျင်းတက် ဟောင်းများအား ပြန်လည်တူးဖော်ရောင်းချပြီး၊ အသစ်ထွက်လာသည့် ဂျင်းတက်သစ်များအား နောက် (၄)လခန့် အကြာ (စက်တင်ဘာလ) ဆန်းပိုင်းတွင် တူးဖော်ရောင်းချနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

သတင်း - အေးအေးလတ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)