စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာပညာရေး ဒီဂရီကောလိပ် ပညာရေး ဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းသား/ သင်တန်းသူများ ကြိုဆိုပွဲ အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာပညာရေး ဒီဂရီကောလိပ် ပညာရေး ဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းသား/ သင်တန်းသူများ ကြိုဆိုပွဲ အခမ်းအနား တက်ရောက်



MNP - ဧပြီ   ၂၂

မုံရွာပညာရေး ဒီဂရီကောလိပ် ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းသား/သင်တန်းသူများ ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် စစ်ကိုင်းတိုင်းဒသကြီး၊ မုံရွာမြို့၊ မုံရွာပညာရေး ဒီဂရီကောလိပ်ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ မုံရွာပညာရေး ဒီဂရီကောလိပ်မှ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒီသင်တန်းဟာ နိုင်ငံတော် တည်ဆောက်ရေးမှာ အရေးပါတဲ့ ပညာရေးကဏ္ဍအတွက် ဆရာ၊ ဆရာမများကို ပိုမိုခိုင်ခန့် အရည်အသွေးပြည့်ဝစေဖို့ အားသစ်လောင်း အရည်အသွေးသစ်များ ဖြည့်တင်းပေးတာ ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်ဝတဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဆရာ၊ ဆရာမများကလည်း အမြဲသင်ယူလေ့လာနေဖို့ လိုအပ်ပြီးဒါ့အပြင် သင်ရိုးညွှန်းတမ်း များကိုလည်း content based curriculum (အကြောင်းအရာအခြေပြု သင်ရိုးညွှန်းတမ်း)မှ competency based curriculum (တတ်ကျွမ်းမှု အခြေပြုသင်ရိုးညွှန်းတမ်း)အဖြစ် ပြောင်းလဲလာပြီဖြစ်ပါကြောင်း၊ မိမိတို့ရဲ့လုပ်ငန်းခွင်မှာ သင်ကြားရေး တာဝန်များထမ်း ဆောင်ရာတွင် လိုအပ်သော ကျွမ်းကျင်မှုများရရှိအောင် လေ့လာသင်ကြားကြဖို့ မှာကြားလို ပါကြောင်း။

နိုင်ငံသားများအားလုံးမှာရှိရမယ့် မှန်ကန်တဲ့ အတွေးအခေါ် စိတ်ဓာတ်၊ အသိပညာ၊ အတတ်ပညာ၊ စွမ်းရည်စတာတွေ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ (၂၁) ရာစုခေတ်မှာ ကမ္ဘာကိုရင်ဘောင်တန်းနိုင်တဲ့ နိုင်ငံတကာကို မျက်ခြေမပြတ်တဲ့ (၂၁) ရာစုကျွမ်းကျင်မှုများ အပြည့်အဝရရှိနိုင်တဲ့ ပညာရေးကို အကောင်အထည်ဖော်နိုင်ဖို့ ဆရာတို့ ဆရာမတို့အခန်းကဏ္ဍက အလွန်အရေးပါတယ်ဆိုတာ သတိပြုနားလည်ပြီး ပညာရေး တာဝန်များကို အကောင်းဆုံးဆောင်ရွက်နိုင်ကြစေဖို့လည်း ဆန္ဒပြုမှာကြား လိုပါကြောင်း။

နိုင်ငံတော်တည်ဆောက်ရေးမှာ စိတ်ဓာတ်ကောင်းမွန်ပြီး၊ စည်းကမ်းလိုက်နာတတ်တဲ့၊ အတွေးအခေါ်အယူအဆမှန်ကန်တဲ့၊ အသိပညာ၊ အတတ်ပညာများပြည့်ဝတဲ့ နိုင်ငံသား ကောင်းများ မွေးထုတ်ပေးနိုင်ဖို့ မိမိတို့ ဆရာ၊ ဆရာမများရဲ့အခန်းကဏ္ဍ အလွန်အရေးကြီးပါကြောင်းနှင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်း မှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သင်တန်းသား၊ သင်တန်း သူများအတွက် ငွေကျပ်- ၁၄၈၅၀၀၀၀ (တစ်ရာလေးဆယ့်ရှစ်သိန်း ငါးသောင်း) ကျပ်အား သင်တန်းသား၊ သင်တန်းသူများထံ ပေးအပ်ခဲ့ပြီး မုံရွာပညာရေး ဒီဂရီကောလိပ်မှ ပါမောက္ခချုပ် ဒေါက်တာမင်းမင်းသိမ့်က ကြိုဆိုနုတ်ခွန်းဆက် စကားပြောကြားကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနုတ်ဆက်အားပေးကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ မုံရွာပညာရေး ဒီဂရီကောလိပ် ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း အမှတ်စဉ် (၁/၂၀၂၂)တွင် ပညာရေးဘွဲ့မရရှိသူ ဆရာ၊ ဆရာမများ၊ အခြေခံပညာ ဦးစီးဌာနမှ အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းကျောင်းအုပ်နှင့် ရုံးဝန်ထမ်းများ စုစုပေါင်း ၄၅၇ ဦး၊ ဟားခါးပညာရေးဒီဂရီကောလိပ်မှ ပြောင်းရွှေ့တက်ရောက်သည့် သင်တန်းသား၊ သင်တန်းသူ- ၃၈ ဦး၊ စုစုပေါင်း- ၄၉၅ ဦး၊ တက်ရောက်သင်ယူမှာဖြစ်ပြီး သင်တန်းမှာ သင်ကြားမည့် ဘာသာရပ်များမှာ ပညာရေး သဘောတရား၊ ပညာရေးစိတ်ပညာ၊ အင်္ဂလိပ် စာ၊ သင်ပြနည်းဘာသာများနှင့် အထူးပြုဘာသာရပ်များကို သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)