မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ သန့်ရှင်းသာယာလှပရေး အတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ သန့်ရှင်းသာယာလှပရေး အတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး




MNP  -  ဧပြီ   ၃၀

မကွေးမြို့သည် တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်နှင့်အညီ မြို့အင်္ဂါရပ်နှင့် လျော်ညီစွာ သန့်ရှင်း သာယာလှပရေးအတွက် ယနေ့ နံနက်ပိုင်းက မကွေးမြို့ အောင်ရတနာရပ်ကွက် သုခိတာလမ်း တစ်လျှောက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုအားပေးရာတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမှတ်(၈၈) ခြေမြန်တပ်မဌာချုပ် တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ကျာ်ဟန်နှင့် တာဝန် ရှိသူများ လိုက်ပါ၍ မကွေးမြို့ အောင်ရတနာရပ်ကွက်၊ သုခိတာလမ်းမှ တောင်တွင်းလမ်းအထိ သုခိတာလမ်းတစ်လျှောက်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ အသင်းအဖွဲ့ဝင်များ၊ ပရဟိတ လူမှုအဖွဲ့အစည်းများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ လမ်းဘေး ဝဲ/ယာရှိ ခြုံနွယ်ပိတ်ပေါင်း များအား ရှင်းလင်းခြင်း၊ အမှိုက်သရိုက်မျာအား အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်းခြင်း စသည့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်း- ကိုစည်သူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)