နောင်တရားဒေသထွက် ရွှေဖီလက်ဖက်ခြောက် ဈေးကောင်းရရန် တောင်သူများမျှော်လင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်တရားဒေသထွက် ရွှေဖီလက်ဖက်ခြောက် ဈေးကောင်းရရန် တောင်သူများမျှော်လင့်

 


MNP -  ဧပြီ   ၅

ရှမ်းပြည်နယ်တောင်းပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့၌ ဒေသထွက်ရွှေဖီလက်ဖက်ခြောက်များ အရောင်းအဝယ်အေးနေပြီး ဈေးကောင်းရရန် တောင်သူများ မျှော်လင့်လျက်ရှိကြောင်း သိရသည်။

“ယခင်နှစ် Covid-19 ရောဂါဖြစ်ပွားနေတဲ့ကာလမှာ လက်ဖက်ခြောက်တစ်ပိဿာကို အမြင့်ဆုံး ၄၇၀၀ကျပ်၊ အနိမ့်ဆုံး ၄၅၀၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ် အကြမ်းခြောက်ကတော့ တစ်ပိဿာ ၂၁၀၀ကျပ် ရောင်းရပါတယ် ယခုနှစ်ရွှေဖီလက်ဖက်ခြောက် ထွက်စမှာ အရောင်းအဝယ်အေးနေပါတယ်” ဟုနောင်တရားမြို့ လက်ဖက်ခြောက်ရောင်းဝယ်နေသည့် ပွဲစားတစ်ဦးကပြောသည်။ လက်ဖက်ရွက်တစ်ပိဿာလျှင် ခူးခ ၆၀၀ကျပ် ခန့်ရှိပြီး လက်ဖက်ရွက်အစို ၄ ပိဿာလျှင် လက်ဖက်ခြောက် တစ်ပိဿာထွက်ရှိပြီး ယခုနှစ်တွင် လက်ဖက်စိုက်ပျိုးသည့် တောင်သူများအနေဖြင့် တစ်ပိဿာအမြင့်ဆုံး ၅၀၀၀ကျပ် ရောင်းရနေ သော်လည်း အရောင်းအဝယ်အေးနေလျက်ရှိသည်။ အဆိုပါဈေးနှုန်းမှာ လုပ်အားခ၊ သယ်ယူ စရိတ်မြင့်မားခြင်းနှင့် ကုန်ဈေးနှုန်းများ မြင့်မားလာသည့်အတွက် လက်ဖက်ခြောက် တစ်ပိဿာ ၅၅၀၀ကျပ် ရောင်းရမှသာ အကျိုးအမြတ်ရရှိမည်ဖြစ်ပြီး လက်ဖက်ခြောက်စိုက်ပျိုးသည့် တောင်သူများက ရွှေဖီလက်ဖက်ခြောက်များ ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နောင်တရားဒေသ၌ တစ်နှစ်လျှင် လက်ဖက်ကုန်ချိန် ၂ သိန်းကျော်ထွက်ရှိပြီး လက်ဖက်ခြောက်အချိုခြောက် စက်ရုံလည်ပတ်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

သတင်း - ခွန်အောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)