ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

 




MNP - ဧပြီ    ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ စုကြီးထန်းတောရပ်ကွက် မြို့တော်ခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့မွန်းလွဲ (၁၀)နာရီတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ  (၃၁၀၂၃၉)ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးပြီးသူ (၆၄၅၄)ဦး ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံရာတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများနှင့် အသက်(၁၈)နှစ်အထက်ပြည်သူများ ကျန်ရှိမှုမရှိစေရေး ထိုးနှံပေးလျက်ရှိရာ အသက်(၁၂) နှစ် အထက် ကျောင်းသား/ ကျောင်းသူ(၁၆၅၂၄)ဦးနှင့် ပထမအသုတ်တွင်(၁၉၁၇၉)ဦး၊ ဒုတိယအသုတ်တွင် (၂၈၇၄၄) ဦး၊ တတိယအသုတ်တွင် (၅၂၃၇၅)ဦး၊ စတုတ္ထအသုတ်တွင် (၂၇၈၃၂)ဦး၊ ပဉ္စမအသုတ်တွင် (၃၄၂၁၆) ဦး၊ ဆဌမအသုတ်တွင် (၁၁၅၈၇)ဦး၊ သတ္တမအသုတ်တွင်(၁၆၅၄၀)ဦး၊ အဌမအသုတ်တွင် (၆၅၅၄) ဦး၊ နဝမအသုတ်တွင်(၈၃၃၇၈)ဦး၊ ဒဿမအသုတ်တွင် (၁၃၃၆၄)ဦး စုစုပေါင်း(၃၁၀၂၃၉)ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးပြီးသူ(၆၄၅၄)ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိမှုမရှိစေရေးအတွက် ရပ်ကွက်/ကျေးရွာများတွင် ကြေညာပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးပြည်သူများအဆင်ပြေစေရေး စုကြီးရပ်ကွက် မြို့တော်ခန်းမနှင့် သံရွာ၊ ဖျောက်ဆိပ်ပင်၊ စမာ၊ မင်းစု၊ ဒွေးလှ၊ ရဲရွာကျေးရွာများရှိ ကျေးလက်ကျန်းမာ ရေးဆေးရုံးများတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)